ထရာအိုရေး၊ ဖိုဖာနာ၊ ကီပါ၊ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရတဲ့ ကူကူရယ်လာနဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ အင်အားတိုးမြှင့်ဖို့အတွက် ဝုလ်ဗ်စ် တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး ဟာ ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာ အတွက် ဘရိုက်တန် အသင်း ဘက်က ဈေးသတ်မှတ် ထားတဲ့ ပေါင် သန်း ၅၀ ကို ပေးချေဖို့ သဘောတူလိုက်တယ်လို့ သတင်းထွက်လာခဲ့ ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးက ကူကူရယ်လာ နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရယူထားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ပြထားပါတယ်။

နာပိုလီ နဲ့ ချဲလ်ဆီး အသင်းတို့ ဟာ ချဲလ်ဆီးဂိုးသမား ကီပါ အရစ်ဇာဘလာဟာ ရဲ့ အငှားစာချုပ် အတွက် သဘောတူညီမှု ရရှိ ခဲ့ကြပြီး ဆုကြေးအချက်အလက် အနည်းငယ်သာ ဆွေးနွေးဖို့ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဘာစီလိုနာ ဟာ ဘယ်နောက်ခံလူ နေရာ အတွက် အလွန်ဆို၊ ရီဂွီလွန် နဲ့ အန်ဟယ်လီနို တို့ ကို ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားပြီး ချဲလ်ဆီး နောက်ခံလူ မားကိုစ့် အလွန်ဆို ကတော့ ပထမဦးစားပေး သတ်မှတ်ထားကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။

ချဲလ်ဆီး သာ ကူကူရယ်လာ ကို ခေါ်ယူနိုင်ခဲ့ပါက မားကိုစ့် အလွန်ဆို ကို ဘာစီလိုနာ ထံ ရောင်းထုတ်ဖို့ အလားအလာများတယ်လို့လည်း သိရပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူးအသင်း ကျော်တက်သွားမှာကိုသာ စိုးရိမ်ပြီး အခြားအသင်းတွေ ကို စိတ်ပူခြင်း မရှိတာကြောင့် စတာလင်ကို ချဲလ်ဆီး၊ ဂျေးဆု ကို အာဆင်နယ်ထံ ရောင်းချခဲ့တာ လို့ ရွိုင်ကိန်းက သုံးသပ်သွားပါတယ်။

လက်စတာ ခံစစ်မှူး ဝီစလေ ဖိုဖာနာ ဟာ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စားမှု ရှိနေပြီး ကလပ် ၂ သင်း အကြား ညှိနှိုင်းဆွေးနွေးဖို့သာ လိုအပ်တော့တယ်လို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြသွားခဲ့ ပါတယ်။

လက်စတာအသင်းနည်းပြ ဘရန်ဒန် ရော်ဂျာစ်ကတော့ ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဗဟိုနောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာကို ရောင်းရန်မဟုတ်အဖြစ် သတ်မှတ်ထားကြောင်း အတည်ပြု လိုက်ပါတယ်။ ဒါပေမဲ့လည်း ချဲလ်ဆီးအသင်းကလည်း ပြင်သစ်သားအတွက် လက်မလျှော့ဘဲ ဆက်လက် ကြိုးစားသွားမယ်လို့ သိရပါတယ်။