မာကွင်ဟို့စ်နဲ့ မာတင်နယ်လီ၊ ဂျေးဆု ကို ချီးကျူးနေသူ၊ အိုဒီဂတ်၊ မာရီတို့နဲ့ ယနေ့ညပိုင်း အာဆင်နယ် သတင်းများ

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ချာလက်နီကိုလက်စ်က စကော့တလန်ထိပ်သီးလပ် ဆဲလ်တစ်အနေနဲ့ အာဆင်နယ် နောက်ခံလူ မာရီကိုခေါ်ယူသင့်ကြောင်း၊ ဆဲလ်တစ်ဟာ ဘယ်ခြေနောက်ခံလူတစ်ဦး လိုအပ်နေပြီး မာရီက အတွေ့အကြုံ ရင့်ကျက်ကာ အရည်အသွေးမြင့်မားသူဖြစ်ကြောင်း မှတ်ချက်ပြုတိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ချာကာက အခုနှစ်နွေရာသီမှာ အသစ်ခေါ်ယူလိုက်တဲ့ ဘရာဇီးကြယ်ပွင့် မာကွင်ဟို့စ်ကို မာတင်နယ်လီနဲ့ ခိုင်းနှိုင်းချီးကျူးလိုက်ပါတယ်။ မာကွင်ဟို့စ်ကို မြင်ရတာ မာတင်နယ်လီကို အမှတ်ရစေမိကြောင်း၊ မာကွင်ဟု့ိစ်ဟာ အသင်းမှာ အလျင်အမြန် အထိုင်ကျမဲ့သူဖြစ်ကြောင်း ဂျာကာ ဆိုခဲ့ပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရို့စ်က တိုက်စစ်မူှး ဂျေးဆု ကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကို မပြောင်းလာခင်အထိ ဂျေးဆုက ဘယ်လောက် ကောင်းသလဲဆိုတာ မသိခဲ့ကြောင်း၊ ဂျေဇူးရဲ့ အရည်အသွေးတွေက အံ့မခန်းဖြစ်ပြီး ရူးနှမ်းချင်စရာ ကောင်းကြောင်း ဖွင့်ဟချီးကျူးခဲ့ပါတယ်။

တာဗာရက်စ်၊ လီနိုတို့ပြီးနောက် အာဆင်နယ်နောက်ထပ် ရှင်းထုတ်သွားမဲ့ ကစားသမားကတော့ ကွင်းလယ်လူ တော်ရဲရား ဖြစ်ပါတယ်။ လက်ရှိမှာ တော်ရဲရားဟာ တူရကီကလပ် ဂါလာတာစာရေးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ၄၈ နာရီအတွင်း ဆေးစစ်မှု ခံယူသွားမှာလို့ သိရပါတယ်။ အာဆင်နယ်ဟာ တော်ရဲရားအတွက် ပေါင် ၇.၅ သန်း ရရှိမှာပါ။

အာဆင်နယ်ကြယ်ပွင့် ကစားသမား ဆာကာ က အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်မှာဖြစ်တယ်လို့ နာမည်ကျော် သတင်းထောက် ဒိန်းဂျုံးစ်က မှတ်ချက်ပြုခဲ့ပါတယ်။ ဆာကာဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းရရှိနေပြီး အာဆင်နယ်က သူ့ကို လုပ်ခ လစာနှစ်ဆပေးပြီး သက်တမ်းတိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကသူ့အနေနဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် အလွန် ပျော်ရွှင်မိကြောင်း၊ မိမိအပေါ် နည်းပြအာတီတာရဲ့ယုံကြည်မှုကို ရရှိတာ အလွန်ကျေနပ်မိကြောင်း၊ ဒါက သူ့အတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး ခေါင်းဆောင်မှု က အလွန်အရေးပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က သူ့အနေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ကြောင်း၊ သူဟာ အင်္ဂလန်မှာ အချစ်ခံခဲ့ရပြီး အနာဂတ်မှာ ပပရီးမီးယားလိဂ်ကို ပြန်လာပြီး နည်းပြ လုပ်ဖွယ် ရှိနေကြောင်း၊ မိမိအနေနဲ့လည်း ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ဖာဘရီဂတ်စ်က ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘယ်နောက်ခံလူ တာဗာရက်စ်ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။ တာဗာရက်စ်ဟာ တီယာနေးရဲ့နေရာမှာအစားထိုးဖြည့် စားနိုင်ခြင်းမရှိကြောင်း၊ တာဗာရက်စ်ရဲ့ အမှားတွေက အာဆင်နယ်ကို ပေးဆပ်မှု ကြီးမားစေခဲ့ကြောင်း ကာရေဂါက ဆိုခဲ့ပါတယ်။