ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ကြီး ၆ ကြီး ဘယ်လိုရလဒ်တွေထွက်လာမလဲ ပေါမာဆန်ရဲ့ သုံးသပ် ဟောကိန်းထုတ်မှု

ပရီးမီးယားလိဂ် ပြန်လည် စတင်မယ့် အဖွင့် သီတင်းပတ် ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ ပွဲတွေ အတွက် ဘောလုံးပွဲ သုံးသပ်ဆရာကြီး ပေါမာဆန် ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ပဲလေ့စ် – အာဆင်နယ်

အာဆင်နယ်က ပြီးခဲ့တဲ့ပရီးမီးယားလိဂ်မှာ တာထွက်မကောင်းးခဲ့ပေမဲ့အဲဒီတုန်းက သူတို့က ကိုဗစ်ပြဿနာတွေနဲ့ လူမစုံတဲ့ ပြဿနာရှိခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပဲလေ့စ်အနေနဲ့ အာဆင်နယ်ရဲ့ဂိုးတွေကို ဘယ်လို ရပ်တန့်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ အာဆင်နယ်ဟာ ရာသီကြိုမှာ သူ့အသင်းကို အကောင်းဆုံး တည်ဆောက်ထားပြီး ဂျေဇူးရှိနေတဲ့ တိုက်စစ်ပိုင်းက အကောင်းဆုံးပါ။ ဒီပွဲက အာဆင်နယ်အတွက် အရေးပါပါမယ်။ တကယ်လို့ ဒီပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အာဆင်နယ်က ပုံစံဟောင်းကြီးအတိုင်းပဲလို့ လူတွေပြောကြလိမ့်မယ်။ အဆင့်လေးဝင်ခွင့်အတွက်ဆို အာဆင်နယ်က ဒီလိုပွဲမျိုးနိုင်ဖို့ လိုပါတယ်။

ခန့်မှန်းရလဒ်: ပဲလေ့စ် ၁-၃ အာဆင်နယ်

စပါး – ဆောက်သမ်တန်

စပါးက ရာသီကြိုမှာ စွမ်းဆောင်ရည်ကောင်း ပြသခဲ့တဲ့အသင်းပါ။ သူတို့က အားဖြည့်မှုကောင်းတွေကိုလည်း ပြုလုပ်ထားပြီး အဲဒီကစားသမားတွေ အထိုင်ကျဖို့ လိုပါသေးတယ်။ ဟယ်ရီကိန်းနဲ့ ဆွန်တို့ အတွဲညီနေတာက စပါးအတွက်တော့ များစွာသက်ရောက်မှု ရှိစေပါတယ်။ ဆောက်သမ်တန်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းမယ်လို့ ကျွန်တော် မထင်ပါဘူး။ စပါးပဲ အနိုင်ရမှာပါ။

ခန့်မှန်းရလဒ်: စပါး ၂-၀ ဆောက်သမ်တန်

အဲဗာတန် – ချဲလ်ဆီး

နှစ်သင်းစလုံးက ရာသီကြိုမှာ ရုန်းကန်ခဲ့ရပါတယ်။ အဲဗာတန်ရဲ့ကွင်းက ကစားရခက်ပေမဲ့ ပြီးခဲ့တဲ့လအတွင်း သူတို့ရဲ့စွမ်းဆောင်ရည်က အလွန်ဆိုးရွားခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ကိုင်ဟာဗက်ဇ်ကို ဗဟိုမှထားကစားသင့်ပါတယ်။ ချဲလ်ဆီးအနေနဲ့ မစ်ဆန်မောင့်ရဲ့ ကွင်းလယ်ကနေ ဂိုးရဖို့ အားကိုးနေရပါတယ်။ စတာလင်က မန်စီးတီးမှာ ဂိုးတွေသွင်းခဲေ့ပမဲ့ ချဲလ်ဆီးမှာက ကွဲပြားပါတယ်။ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ ထွက်သွားတာက သူတို့ကို ပိုအားနည်းစေပါတယ်။ ကူလီဘာယီက အတွေ့အကြုံကောင်းတွေ ယူဆောင်လာမှာဖြစ်ပေမဲ့ သူကအီတလီမှာ ကစားခဲ့လို့ ကွဲပြားမှုတော့ ရှိမှာပါ။ ချဲလ်ဆီးဟာ ရာသီကြိုမှာ ခြေစွမ်းမကောင်းခဲ့ပေမဲ့ အဲဗာတန်ကို အနိုင်ယူရမှာပါ။

ခန့်မှန်းရလဒ်: အဲဗာတန် ၁-၂ ချဲလ်ဆီး

မန်ယူ – ဘရိုက်တန်

မန်ယူက ဒီပွဲမတိုင်ခင် ဖြေရှင်းရမှာတွေ ရှိနေပါတယ်။ တန်ဟတ်က စီရော်နယိဒုကို ချန်လှပ်ကောင်း ချန်လှပ်နိုင်ပေမဲ့ သူ့နေရာမှာ အစားထိုးဖို့ကျပြန်တော့လည်း မရှိပြန်ပါဘူး။ တကယ်လို့ စီရော်နယ်ဒိုသာ ဆက်နေမယ်ဆိုရင် မာရှယ်လ်ထက်စာရင် စီရော်နယ်ဒိုကိုပဲ အပတ်တိုင်း အသုံးပြုလိုပါတယ်။ ခံစစ်မှာတော့ မန်ယူအနေနဲ့ ၃ ယောက်တန်းခံစစ် အသုံးပြုလိုပါတယ်။ ဗာရန်၊ လင်ဒီလော့ဖ်၊ မက်ဂွဲရားတို့အားလုံး ၄ ယောက်တန်းခံစစ်အတွက် သင့်တော်မှု မရှိပါဘူး ။ဘရိုက်တန်က မန်ယူကို အခက်တွေ့အောင် လုပ်မှာပါ။ မန်ယူအနေနဲ့ နည်းပြသစ်ရဲ့ ပွဲဦးထွက်မှာ အနိုင်ရမယ်လို့ ထင်မြင်မိပေမဲ့ တကယ်လို့ သူတို့ အမှတ်လျှော့သွားရင်လည်း ကျွန်တော် မအံ့သြပါဘူး။

ခန့်မှန်းရလဒ်:မန်ယူ ၂–၁ ဘရိုက်တန်

ဖူလ်ဟမ် – လီဗာပူး

ချန်ပီယံရှစ်မှာတုန်းက ဖူလ်ဟမ်ရဲ့တိုက်စစ်က ထက်မြက်ခဲ့ပြီး အခုတော့ သူတို့က ခံစစ်ကိုအားြပြုကစားရပါတော့မယ်။ ဒါက သူတို့အတွက် ပြဿနာပါ။ နူနက်ဇ်အနေနဲ့ ဒီပွဲမှာ ပွဲထွက်စာရင်းမှာ ပါဝင်ရမှာပါ။ ဒီပွဲက ထိပ်သီး (၆)သင်းနဲ့ တွေ့ဆုံတဲ့ပွဲမဟုတ်ဘဲ လီဗာပးူက ဖိကစားရမဲ့ပွဲပါ။ ဒီလိုပွဲမျိုးမှာ နူနက်ဇ်အနေနဲ့ ပါဝင်ကစားပြီး ဂိုးတွေသွင်းနိုင်ဖို့ လိုပါတယ်။ ရာသီအစမှာ ခွန်အားပြည့်နေတဲ့ တန်းတက်အသင်းနဲ့ ကစားရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ လီဗာပူးက အံ့အားသင့်ဖွယ်အသင်းဖြစ်ပြီး ဒီပွဲကို လွယ်လွယ်လေး နိုင်သွားမှာပါ။

ခန့်မှန်းရလဒ်: ဖူလ်ဟမ် ဝ-၂ လီဗာပူး

ဝက်စ်ဟမ်း- မန်စီးတီး

နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲစဉ်ပါ။ ဒီပွဲမှာ မန်စီးတီးက ဖိအားပေးကစားမှာဖြစ်ပြီး ဝက်စ်ဟမ်းက တန်ပြန်တိုက်စစ်နဲ့သာ ရင်ဆိုင်မှာပါ။ ဟာလန်းနဲ့ ပတ်သက်ပြီး ပြောဖို့ စောပါသေးတယ်။ ဝက်စ်ဟမ်းက ခံစစ်ပိတ် ကစားမှာဖြစ်ပြီး ဟာလန်းရဲ့ ပါဝါနဲ့ နေရာလွတ်တွေ ရှာနိုင်မလားဆိုတာ မသေချာပါဘူး။ ဟာလန်းက မန်စီးတီးမှာ ကစားနေလို့ ဂိုးတွေအများကြီး သွင်းနိုင်မှာဖြစ်ပေမဲ့ ဒေါ့မွန်နဲ့ နော်ဝေတို့မှာနဲ့ကတော့ ပုံစံကွဲပြားမှာပါ။ ပြီးခဲ့တဲ့နှစ်က ဒီနှစ်သင်းရဲ့အားပြိုင်မှုကို ကျွန်တော် မှတ်မိနေပါသေးတယ်။ မန်စီးတီးက ဘောလုံးကိုင်ထားပေမဲ့ ဝက်စ်ဟမ်းက ကောင်တာတွေနဲ့ ထိုးနှက်ခဲ့တာပါ။ ဒီပွဲက သရေနဲ့ပြီးဆုံးသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။

ခန့်မှန်းရလဒ်: ဝက်စ်ဟမ်း ၁-၁ မန်စီးတီး