ဘလွန်းဒီအော ဆုကို သူလည်း ရချင်တယ်လို့ ထုတ်ပြောလိုက်တဲ့ ဂျော်ဂျင်ဟို

အသက် ၂၉နှစ် အရွယ် အီတလီ လက်ရွေးစင်နဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီ အစမှာ ကျင်းပခဲ့တဲ့ ယူရို၂၀၂၀ပပြိုင်ပွဲမှာလည်း အီတလီအသင်းနဲ့ အတူ ဗိုလ်စွဲခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ဘလွန်းဒီအော ဆုကို ရယူနိုင်ဖို့ ရေပန်းစားနေသူပါ။

လက်ရှိမှာတော့ ဂျော်ဂျင်ဟိုနဲ့အတူ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေ ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ ဖြစ်ကြပြီး ဂျော်ဂျင်ဟို ကတော့ သူလည်း ဘလွန်းဒီအော ဆုကို ရယူဖို့ စိတ်ကူးအိမ်မက် ရှိကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက – “ ဘလွန်းဒီအော ဆုကို ရ၊ မရ ဆိုတာကိုတော့ ကျွန်တော် အတပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အိမ်မက် မရှိဘူး ဆိုရင်တော့ ကစားသမားဘဝ ကနေ အနားယူလိုက်တော့မှာပါ။ အခု ကျွန်တော့်ရဲ့ အိမ်မက်က လာမယ့်ပွဲကို အနိုင်ကစားဖို့ပါပဲ။

ပြီးတော့ ကျွန်တော် ကမ္ဘာ့ဖလားကို ရယူချင်တယ်။ ကမ္ဘာ့ဖလားကို မလိုချင်တဲ့သူ ဆိုတာ မရှိဘူးလေ။ ကျွန်တော့်အနေနဲ့ အခုလောက် အထိ အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ထားတာတော့ အမှန်ပါ။ ဒါပေမယ့် ကျွန်တော့်မှာ အောင်မြင်မှုတွေ ရယူချင်တဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် ကြိုးစားနေပါပြီ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

ဂျော်ဂျင်ဟိုဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် သူ့ရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အရေအတွက်ဟာ အတော်လေးကို နည်းပါးပေမယ့် ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ သူ့ရဲ့ ကစားပုံတွေဟာ အတော်လေးကို အရေးပါခဲ့ပြီး ချယ်လ်ဆီးနည်းပြ တူချယ်နဲ့ အီတလီ နည်းပြ မန်စီနီတို့ကလည်း ဂျော်ဂျင်ဟိုဟာ ဘလွန်းဒီအော ဆုနဲ့ ထိုက်တန်ကြောင်း ထောက်ခံစကား ပြောကြားထားကြပါတယ်။

ZG

အသက္ ၂၉ႏွစ္ အ႐ြယ္ အီတလီ လက္ေ႐ြးစင္နဲ႕ ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူႏိုင္ခဲ့သလို ယခုႏွစ္ ေဘာလုံးရာသီ အစမွာ က်င္းပခဲ့တဲ့ ယူ႐ို၂၀၂၀ပၿပိဳင္ပြဲမွာလည္း အီတလီအသင္းနဲ႔ အတူ ဗိုလ္စြဲခဲ့တာေၾကာင့္ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ ခ်ီးျမႇင့္မယ့္ ဘလြန္းဒီေအာ ဆုကို ရယူႏိုင္ဖို႔ ေရပန္းစားေနသူပါ။

လက္ရွိမွာေတာ့ ေဂ်ာ္ဂ်င္ဟိုနဲ႔အတူ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းစားေနတဲ့ ကစားသမားေတြ ကေတာ့ ပီအက္စ္ဂ်ီ တိုက္စစ္မႉး မက္ဆီ ၊ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝမ္ေဒါစကီးတို႔ ျဖစ္ၾကၿပီး ေဂ်ာ္ဂ်င္ဟို ကေတာ့ သူလည္း ဘလြန္းဒီေအာ ဆုကို ရယူဖို႔ စိတ္ကူးအိမ္မက္ ရွိေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုက – “ ဘလြန္းဒီေအာ ဆုကို ရ၊ မရ ဆိုတာကိုေတာ့ ကြၽန္ေတာ္ အတပ္ မေျပာႏိုင္ပါဘူး။ ဒါေပမယ့္ တကယ္လို႔ ေ႐ႊေဘာလုံးဆုကို ရယူႏိုင္ဖို႔ အိမ္မက္ မရွိဘူး ဆိုရင္ေတာ့ ကစားသမားဘဝ ကေန အနားယူလိုက္ေတာ့မွာပါ။ အခု ကြၽန္ေတာ့္ရဲ႕ အိမ္မက္က လာမယ့္ပြဲကို အႏိုင္ကစားဖို႔ပါပဲ။

ၿပီးေတာ့ ကြၽန္ေတာ္ ကမာၻ႔ဖလားကို ရယူခ်င္တယ္။ ကမာၻ႔ဖလားကို မလိုခ်င္တဲ့သူ ဆိုတာ မရွိဘူးေလ။ ကြၽန္ေတာ့္အေနနဲ႔ အခုေလာက္ အထိ ေအာင္ျမင္မႈ ရလိမ့္မယ္လို႔ မထင္ထားတာေတာ့ အမွန္ပါ။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ ေအာင္ျမင္မႈေတြ ရယူခ်င္တဲ့ စိတ္ဆႏၵေတြ ရွိပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္က ကြၽန္ေတာ့္ရဲ႕ အိမ္မက္ေတြ အမွန္တကယ္ ျဖစ္လာေအာင္ ႀကိဳးစားေနပါၿပီ” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။

ေဂ်ာ္ဂ်င္ဟိုဟာ ကြင္းလယ္ခံစစ္ ကစားသမား တဦး ျဖစ္တာေၾကာင့္ သူ႔ရဲ႕ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ အေရအတြက္ဟာ အေတာ္ေလးကို နည္းပါးေပမယ့္ ခ်ယ္လ္ဆီးအသင္းနဲ႔ အီတလီအသင္းတို႔ရဲ႕ ဆုဖလား ေအာင္ျမင္မႈေတြမွာ သူ႔ရဲ႕ ကစားပုံေတြဟာ အေတာ္ေလးကို အေရးပါခဲ့ၿပီး ခ်ယ္လ္ဆီးနည္းျပ တူခ်ယ္နဲ႔ အီတလီ နည္းျပ မန္စီနီတို႔ကလည္း ေဂ်ာ္ဂ်င္ဟိုဟာ ဘလြန္းဒီေအာ ဆုနဲ႔ ထိုက္တန္ေၾကာင္း ေထာက္ခံစကား ေျပာၾကားထားၾကပါတယ္။