ရော်နယ်ဒို ကို အကြံပေးလိုက်တဲ့ နဗီးလ်၊ အန်တိုနီ အစားထိုးပစ်မှတ်၊ ပေါမာဆန် ခန့်မှန်းနဲ့ ယနေ့ည မန်ယူ သတင်းတိုများ
ဘရိုက်တန်နဲ့ ရင်ဆိုင်ရယ့် ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ မန်ချက်စတာ ယူနိုက်တက် က ၂-၁ နဲ့ အနိုင်ရလိမ့်မယ် လို့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ခန့်မှန်းထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်က အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက် နယ်သာလန် ထိပ်သီးကလပ် ပီအက်စ်ဗွီရဲ့ အဓိက တိုက်စစ် ကစားသမား ဂတ်ပိုကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ် ထားလာပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ကြားက သူ့ရဲ့ အပြုအမူ တွေဟာ စိတ်ပျက်စရာကောင်းခဲ့တယ်လို့ ဂယ်ရီနဗီးက ဝန်ခံခဲ့သလို ကိုယ့်အနာဂတ် ကိုယ် ကိုယ်တိုင် စီမံဖို့ ရော်နယ်ဒိုကို တိုက်တွန်းခဲ့ပါတယ်။

နယူးကာဆယ် နဲ့ စပါး ကွင်းလယ်လူဟောင်း ဖြစ်သူ ဂျာမိန်း ဂျီးနက်စ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ စပါး နဲ့ ချဲလ်ဆီး တို့ဟာ အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့ကို ကျော်ဖြတ်ကာ top 4 နေရာတွေကို ရရှိသွားလိမ့်မယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။
အာဆင်နယ် ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်း က ” ကျွန်တော့်ရဲ့ Top Six ကတော့ အဆင့် ၁ မှာ လီဗာပူး ၊ ပြီးရင် မန်စီးတီး ၊ အာဆင်နယ် က အဆင့် ၃ နှင့် တော့တင်ဟမ် က အဆင့် ၄ ပေါ့ဗျာ။ မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး ကတော့ အဆင့် ၅ နှင့် ၆ ရပါလိမ့်မယ် ။ ” လို့ သုံးသပ် ဟောကိန်းထုတ်သွားပါတယ်။