ဒေါ့မွန် ပစ်မှတ် ချဲလ်ဆီး အသင်းသား ၃ဦး၊အစွမ်းပြတော့မယ့် ကီပါနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
လီဗာပူးအသင်းဟာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ချဲလ်ဆီးအနေနဲ့ လစာညှိနှိုင်းမှု အဆင်မပြေလို့ ရူဒီဂါကို စာချုပ်သက်တမ်းး တိုးမြှင့်ဖို့ အဆင်မပြေဖြစ်လျက် ရှိနေတာပါ။
ချဲလ်ဆီးကလည်း စာချုပ်သက်တမ်း တိုးမြှင့်ဖို့ မရေရာဖြစ်နေတဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့နေရာမှာ အစားထိုးဖို့ နောက်ခံလူ ၃ ဦးကို ပစ်မှတ်ထားနေပါတယ်။ ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ နောက်ခံလူတွေ ကတော့ ဆီဗီးလ်နောက်ခံလူ ကွန်ဒီ၊ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်နဲ့ ဗီလာရီးရဲနောက်ခံလူ ပေါ တောရက်စ်တို့ကို ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က အသင်းခေါင်းဆောင် အက်ပီကျူတာအနေနဲ လေ့ကျင့်ရေးကွင်းမှာ ပုခုံးဒဏ်ရာကို ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ အက်ပီကွီတာအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်နော်ကခံလူ ဒီလိုက်ချ်ကို ခေါ်ယူပေးဖို့ ကမ်းလှမ်းခံထားရကြောင်း သိရပါတယ်။ ဒီလိုက်ချ်ရဲ့ အေးဂျင့် ရိုွင်အိုလာအနေနဲ့ သူ့ကစားသမားကို တူရင်ကနေ တခြားဥရောပထိပ်သီးအသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးပမ်းလျက် ရှိနေတာပါ။
ဘွန်ဒက်လီဂါကလပ် ဒေ့ါမွန်အသင်းဟာ ချဲလ်ဆီးရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ တီမိုဝါနာ၊ အိုဒွိုင်းနဲ့ ပူလီဆစ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဟာလန်း ကို လက်လွှတ်ရဖွယ် ရှိတာကြောင့် ဒေါ့မွန်က တိုက်စစ်ပိုင်းကို အားဖြည့်မှုတွေ ပြန်လည်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဂိုးသမား ကီပါကတော့ လက်ရှိ လက်ရွေးစင် အသင်းနဲ့ သွားရောက်ပူးပေါင်းနေတဲ့ နံပါတ် ၁ ဂိုးသမား မန်ဒီရဲ့ နေရာကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့ အပြည့်အဝ ယုံကြည်စိတ်ချထားကြောင်း သိရပါတယ်။

ZG
လီဗာပူးအသင္းဟာ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါကို ေခၚယူဖို႔ စိတ္၀င္စားမႈရွိလာေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ လစာညွိႏိႈင္းမႈ အဆင္မေျပလို႔ ရူဒီဂါကို စာခ်ဳပ္သက္တမး္း တုိးျမွင့္ဖုိ႔ အဆင္မေျပျဖစ္လ်က္ ရွိေနတာပါ။
ခ်ဲလ္ဆီးကလည္း စာခ်ဳပ္သက္တမ္း တုိးျမွင့္ဖို႔ မေရရာျဖစ္ေနတဲ့ ရူဒီဂါနဲ႔ ခရစၥတန္ဆန္တုိ႔ေနရာမွာ အစားထုိးဖုိ႔ ေနာက္ခံလူ ၃ ဦးကို ပစ္မွတ္ထားေနပါတယ္။ ခ်ဲလ္ဆီးပစ္မွတ္ထားေနတဲ့ ေနာက္ခံလူေတြ ကေတာ့ ဆီဗီးလ္ေနာက္ခံလူ ကြန္ဒီ၊ ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလိုက္ခ်္နဲ႔ ဗီလာရီးရဲေနာက္ခံလူ ေပါ ေတာရက္စ္တုိ႔ကို ျဖစ္ပါတယ္။
ခ်ဲလ္ဆီးနညး္ျပတူခ်ယ္က အသင္းေခါင္းေဆာင္ အက္ပီက်ဴတာအေနနဲ ေလ့က်င့္ေရးကြင္းမွာ ပုခံုးဒဏ္ရာကို ရရွိခဲ့ေၾကာငး္၊ ဒါေပမဲ့ အက္ပီကြီတာအေနနဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ ျပန္လည္ပါ၀င္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ဂ်ဴဗင္တပ္ေနာ္ကခံလူ ဒီလိုက္ခ်္ကို ေခၚယူေပးဖို႔ ကမ္းလွမ္းခံထားရေၾကာင္း သိရပါတယ္။ ဒီလိုက္ခ်္ရဲ႕ ေအးဂ်င့္ ရိဳြင္အုိလာအေနနဲ႔ သူ႔ကစားသမားကို တူရင္ကေန တျခားဥေရာပထိပ္သီးအသင္းထံ ေျပာင္းေရႊ႕ဖုိ႔ ႀကိဳးပမ္းလ်က္ ရွိေနတာပါ။
ဘြန္ဒက္လီဂါကလပ္ ေဒ့ါမြန္အသင္းဟာ ခ်ဲလ္ဆီးရဲ႕ တုိက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ တီမုိ၀ါနာ၊ အိုဒိြဳင္းနဲ႔ ပူလီဆစ္တုိ႔ကို ေခၚယူဖို႔ စိတ္၀င္စားလ်က္ ရွိေနပါတယ္။ ဟာလန္း ကို လက္လႊတ္ရဖြယ္ ရွိတာေၾကာင့္ ေဒါ့မြန္က တုိက္စစ္ပိုင္းကို အားျဖည့္မႈေတြ ျပန္လည္ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဂိုးသမား ကီပါကေတာ့ လက္ရွိ လက္ေရြးစင္ အသင္းနဲ႔ သြားေရာက္ပူးေပါင္းေနတဲ့ နံပါတ္ ၁ ဂိုးသမား မန္ဒီရဲ့ ေနရာကို အေကာင္းဆုံးျဖည့္ဆည္းေပးနိုင္ဖို့ အျပည့္အဝ ယုံၾကည္စိတ္ခ်ထားေၾကာင္း သိရပါတယ္။