ဒေါ့မွန်ပြောင်းဖို့ လုပ်နေတဲ့ အိုဒွိုင်း၊ ထွက်တော့မယ့် တီမိုဗာနာ၊ ကင်ပန်ဘီ၊ အလွန်ဆိုတို့နဲ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး ခံစစ်သမား မားကို့စ် အလွန်ဆို ကို ခေါ်ယူဖို့ ဘာစီလိုနာက နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင် နေပြီ ဖြစ်ပြီး ဒီတပတ်ထဲမှာ အပြီးသတ်နိုင်ဖွယ် ရှိတယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို ၁ဝ သန်း အောက် ဖြစ်မယ် လို့ သိရပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး တီမိုဗာနာ ရဲ့ အသင်းဟောင်း လိုက်ပ်ဇစ် ထံ ပြောင်းရွှေ့မှု ဟာ ဒီရက်ပိုင်းထဲမှာ အပြီးသတ် နိုင်လိမ့်မယ်လို့ သိရှိရ ပါတယ်။

အဲဗာတန် အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းလူစာရင်းထဲမှာပင် ပါဝင်ခွင့်မရခဲ့တဲ့ ချဲလ်ဆီး တောင်ပံ တိုက်စစ် ကစားသမား အိုဒွိုင်းဟာ အသင်းမှ ထွက်ခွင့် တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။
အိုဒွိုင်းဟာ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန် ထံ ပြောင်းရွှေ့ဖွယ် ရှိနေပြီး အေးဂျင့်ကနေ တဆင့် ဆွေးနွေးနေတယ် လို့ စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။
ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီ ဗဟိုနောက်ခံကစားသမား ပရက်စ်နယ် ကင်ပန်ဘီဟာ ဒီနှစ်နွေ အပြောင်းအရွှေ့မှာ ပဲရစ်မြေကနေ ထွက်ခွာမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ပြင်သစ်သားအနေနဲ့ ဒီ ရာသီမှာလည်း ပီအက်စ်ဂျီအသင်းနဲ့သာ ဆက်လက်ကစားသွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဟာ ပဲလေ့စ် တောင်ပံ ကစားသမား ဝီလ်ဖရိုက် ဇာဟာ ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိလာတယ် လို့လည်း သတင်းထွက်လာခဲ့ ပါတယ်။