ဖာဂူဆန် ဝင်ပါနေရတဲ့ ရိုင်ယန်ဂစ် အမှု၊ အာနူတိုဗစ်၊ ရာဘီရော့ တို့ ခေါ်ယူနိုင်ခြေနဲ့ ယနေ့ညပိုင်း မန်ယူ သတင်းများ
ပြင်သစ် ကလပ် မိုနာကို အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုင်ဗရီကိုစ့် ခံစစ်မှူး အဲရစ် ဘိုင်လီ ကို အငှား ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။ ဒါပေမယ့် မန်ယူကတော့ ဘိုင်လီကို အပြီးသတ် ရောင်းချလိုနေပါတယ်။
စီးရီးအေကလပ် ဘိုလော့ဂ်နာနည်းပြ စီနီဆာက အဓိကတိုက်စစ်မှူး အာနူတိုဗစ် အနေနဲ့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချ်ဖို့ မျှော်လင့်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ဘက်ကတော့ အာနူတိုဗစ် အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ အကြောင်းအရင်းကတော့ နည်းပြအဲရစ်တန်ဟတ်က ကစားသမားကို လုံးဝ အရ ခေါ်ယူချင်တာကြောင့်လို့ ဆိုပါတယ်။

မန်ယူနိုက်တက်က ဆာနေး ကို ပစ်မှတ်ထားနေပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ သူတို့ ကစားသမားကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း လေသံပစ်ထားပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ် ကွင်းလယ်လူ အက်ဒရီရန် ရာဘီရော့ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး မူအားဖြင့် သဘောတူညီမှုရခဲ့ပြီဖြစ်ပေမဲ့ အေးဂျင့်၊ အမေဖြစ်သူတို့နဲ့ သဘောတူညီမှုရဖို့ လိုအပ် နေသေးကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြခဲ့ပါတယ်။
ဂယ်ရီနဗီးလ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့အတွက် ပိုင်ရှင် ဂလေဇာမိသားစုကို ဒေါသတကြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။ နည်းပြတန်ဟက်ရဲ့ ခေတ်သစ်က အဆုံးရွားဆုံး စတင်ခဲ့ပြီး ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အိုးထရက်ဖို့ဒ်ကွင်းရဲ့အပြင်ဘက်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင့်ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။

ချစ်သူဟောင်းရဲ့ တရားစွဲဆို ခံထားရတဲ့ မန်ယူ ကစားသမားဟောင်း ရိုင်ယန်ဂစ် ရဲ့ အမှု ကို ယမန်နေ့ က ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။ ထို ကြားနာမှု မှာ ဂစ် ရဲ့ ဆရာဟောင်း ဖာဂူဆန်၊ မန်ယူနိုက်တက် အသင်းဖော် ဂယ်ရီ နဗီးလ် နဲ့ အမှုဆောင်ချုပ်ဟောင်း ဒေးဗစ် ဂီလ် တို့ သက်သေအဖြစ် ထွက်ဆို ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဆာဂျီယို ရိုမဲရိုး ကတော့ တောင်အမေရိက ကလပ် ဘိုကာ ဂျူနီယာ အသင်းဆီကို အလွတ် နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရပါတယ်။