၅နှစ်အတွင်း မန်စီးတီးကို ဖလားပွဲမှာ ပထမဆုံး အနိုင်ရတဲ့ အသင်းဖြစ်လာတဲ့ ဝက်စ်ဟမ်း
ညကပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် တက်သွားတဲ့ ဝက်စ်ဟမ်းဟာ ၅ နှစ်ကျော်အတွင်း ကာရာဘောင်းဖလားပြိုင်ပွဲမှာ မန်စီးတီးကို အနိုင်ရတဲ့ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ဝက်စ်ဟမ်း ဟာ ခက်ခဲတဲ့ ပင်နယ်တီအဆုံးအဖြတ်ထိ ယူခဲ့ရပြီး ဖီးဖိုဒန်ရဲ့ လွဲချော်မှုအပြီး ဘန်ရာမာက အဆုံးအဖြတ် ပင်နယ်တီကို အောင်မြင်စွာ ကန်သွင်းယူခဲ့တဲ့နောက် ၂၀၁၇ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လိဂ်ဖလားအပေါ်မှာ အမည်သစ်တစ်ခုကို မြင်တွေ့ရတော့မှာပါ။
ပြီးခဲ့တဲ့အဆင့်မှာ ယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ ဝက်စ်ဟမ်းဟာ အခုဆိုရင် မန်ချက်စတာ ၂ သင်းလုံးကို အနိုင်ရပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိခဲ့တဲ့နောက် ဘယ်သူ့ကိုမှ ကြောက်တော့မှာ မဟုတ်ပါဘူး။
သူတို့ဟာ မဆုတ်မနစ်တဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ အသင်းတစ်သင်းဖြစ်ပြီး စီးတီးက ပိုကောင်းတဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့တာဖြစ်ပေမယ့် ဘယ်သူကမှ ဝက်စ်ဟမ်းရဲ့ နိုင်ပွဲကို မနာလို မဖြစ်နိုင်ပါဘူး။
တဖက်မှာလည်း လီဗာပူးအသင်းဟာ အဓိကအသင်းသားတွေ ထည့် မသုံးသော်လည်း ကာရာဘောင်း ဖလား စပါယ်ရှယ်လစ်တြွေဖစ်တဲ့ မီနာမီနိုနဲ့ အိုရီဂီတို့ကတော့ လီဗာပူးအသင်းအတွက် ပရက်စတန်ကို ၂-၀ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။
စပါးကတော့ ဘန်လေနဲ့ပွဲမှာ နှစ်သင်းလုံး တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရတာနဲ့အတူ လူးကပ် မော်ရာရဲ့ ဒုတိယပိုင်း သွင်းဂိုးကြောင့် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

ZG
ညကပြဲမွာ ပင္နယ္တီအဆံုးအျဖတ္နဲ႕ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ တက္သြားတဲ့ ဝက္စ္ဟမ္းဟာ ၅ ႏွစ္ေက်ာ္အတြင္း ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ မန္စီးတီးကို အႏိုင္ရတဲ့ပထမဆံုးအသင္း ျဖစ္လာခဲ့ပါတယ္။
ဝက္စ္ဟမ္း ဟာ ခက္ခဲတဲ့ ပင္နယ္တီအဆံုးအျဖတ္ထိ ယူခဲ့ရၿပီး ဖီးဖိုဒန္ရဲ့ လြဲေခ်ာ္မႈအၿပီး ဘန္ရာမာက အဆံုးအျဖတ္ ပင္နယ္တီကို ေအာင္ျမင္စြာ ကန္သြင္းယူခဲ့တဲ့ေနာက္ ၂၀၁၇ ေနာက္ပိုင္း ပထမဆံုး အႀကိမ္အျဖစ္ လိဂ္ဖလားအေပၚမွာ အမည္သစ္တစ္ခုကို ျမင္ေတြ့ရေတာ့မွာပါ။
ၿပီးခဲ့တဲ့အဆင့္မွာ ယူႏိုက္တက္ကို အႏိုင္ယူခဲ့တဲ့ ဝက္စ္ဟမ္းဟာ အခုဆိုရင္ မန္ခ်က္စတာ ၂ သင္းလံုးကို အႏိုင္ရၿပီး ေနာက္ဆံုး ၈ သင္းအဆင့္ကို ေရာက္ရိွခဲ့တဲ့ေနာက္ ဘယ္သူ႔ကိုမွ ေၾကာက္ေတာ့မွာ မဟုတ္ပါဘူး။
သူတို႔ဟာ မဆုတ္မနစ္တဲ့ ဆံုးျဖတ္ခ်က္ခိုင္မာတဲ့ အသင္းတစ္သင္းျဖစ္ၿပီး စီးတီးက ပိုေကာင္းတဲ့ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္ ဘယ္သူကမွ ဝက္စ္ဟမ္းရဲ့ ႏိုင္ပြဲကို မနာလို မျဖစ္ႏိုင္ပါဘူး။
တဖက္မွာလည္း လီဗာပူးအသင္းဟာ အဓိကအသင္းသားေတြ ထည့္ မသံုးေသာ္လည္း ကာရာေဘာင္း ဖလား စပါယ္ရွယ္လစ္ေတျြဖစ္တဲ့ မီနာမီႏိုနဲ႔ အိုရီဂီတို႔ကေတာ့ လီဗာပူးအသင္းအတြက္ ပရက္စတန္ကို ၂-၀ နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္ ေရာက္ရိွေအာင္ ကူညီေပးခဲ့ပါတယ္။
စပါးကေတာ့ ဘန္ေလနဲ႔ပြဲမွာ ႏွစ္သင္းလံုး တိုက္စစ္ပိုင္း ရုန္းကန္ခဲ့ရတာနဲ႔အတူ လူးကပ္ ေမာ္ရာရဲ့ ဒုတိယပိုင္း သြင္းဂိုးေၾကာင့္ ကြာတားဖိုင္နယ္ကို တက္ႏိုင္ခဲ့ပါတယ္။