ဂျူရာနိုဗစ်၊ ဇန်နီယိုလို ပူလီဆစ် အလဲအထပ်၊ အူဘာမီယန်း၊ ဖိုဖာနာ တို့နဲ့ ယနေ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်းတို့ ဟာ ဆဲလ်တစ် အသင်းရဲ့ နောက်ခံလူ ဂျိုဆစ် ဂျူရာနိုဗစ် ကို စေင့်ကြည့် နေကြတယ်လို့ သိရပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ်က သူ့ရဲ့စိတ်ကြိုက်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူပေးဖို့ အသင်းပိုင်ရှင် တော့ဒ်ဘိုလေကို တွန်းအားပေးနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်မှာတော့ အခုချိန်အထိ အူဘာမီယန်းအတွက် တရားဝင် ကမ်းလှမ်းလာမှုကို လက်ခံရရှိထားတာ မရှိပါဘူး။

ချဲလ်ဆီးအသင်းဟာ စပါး က ခေါ်ယူဖို့ ကြိုးစား နေတဲ့ ရိုးမား တောင်ပံ ကစားသမားလေး ဇန်နီယိုလို ကို စိတ်ဝင်စား လာခဲ့ပြီး ခရစ်ရှန် ပူလီဆစ် နဲ့ အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းသွားမယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ်။

နယူးကာဆယ် အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ ကစားသမား ၃ ယောက် ဖြစ်ကြတဲ့ ကယ်လမ် ဟတ်ဆင် အိုဒွိုင်း၊ ခရစ်ရှန် ပူလီဆစ်နဲ့ ကော်နာ ဂယ်လာဟာ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာ နောက်ခံလူ ဖိုဖန်နာကို တတိယအကြမ်မြောက် ကမ်းလှမ်းရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

လက်စတာ စီးတီး နည်းပြ ဘရန်ဒွန် ရော်ဂျာ ကတော့ လက်ရှိ အချိန်ထိ ဝီစလေ ဖိုဖာနာ အတွက် ကမ်းလှမ်းမှု အသစ် မရရှိထား သေးပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပီတာချက် ဟာ ၎င်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် လွမ်းဆွတ်မိကြောင်း Soccer AM နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။

မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင် အနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်ချိန်မှာ ပရိသတ်တစ်ယောက်က အသင်းမှာ ဆက်နေချင်တယ်ဆိုရင် လစာငွေ လျော့ယူဖို့ ပြောဆိုခဲ့ပြီး ဆဲရေးဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။