မန်ယူ ဂိုးပြတ် ရှုံးမယ်ဆိုတဲ့ ဘီဘီစီ၊ ဂတ်ပို၊ အနာတိုဗစ်၊ အိုဝင် အကြံပေးချက်နဲ့ ယနေ့ည မန်ယူ သတင်းများ
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က မန်ယူ ၃-ဝ နဲ့ ရှုံးမယ် လို့ သုံးသပ်ခန့်မှန်းထားပါတယ်။
မန်ယူနိုက်တက် လူငယ် နောက်တန်း ကစားသမားလေး အီသန် လားဒ် ကတော့ QPR အသင်းထံ တရာသီ အငှား နဲ့ ပြောင်းရွှေ့ ထွက်ခွာဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။
မန်ယူနဲ့ သတင်းထွက်နေတဲ့ PSV တောင်ပံ ကစားသမားလေး ကိုဒီ ဂတ်ပို ဟာ ပရီးမီးယားလိဂ် ကို နှစ်သက်သူ တဦး ဖြစ်ပြီး လက်ရှိ အချိန်ထိ ယူနိုက်တက်ကို ရောက်ရှိ လာနိုင်ချေ ရှိနေသေးတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ မိုက်ကယ် အိုဝင် က သင့်တော်တဲ့ အစားထိုးမှု တစ်ခု မရှာဖွေနိုင်သေးတဲ့ မန်ယူအသင်းဟာ ဒီနွေမှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

ရာဘီယော့ ရဲ့ ဂျူဗင်တပ် အသင်းက တနှစ် လုပ်ခ ဟာ ယူရို ၇ သန်း ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ အဆိုပါ လုပ်ခ ကို လျော့ချ သွားဖို့ ညှိနှိုင်း နေတယ်လို့ သိရပါတယ်။
ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ကို ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ ပြင်သစ် အားကစားသတင်းစာ L’Equipe က ထုတ်ဖော် ရေးသား လာခဲ့ပြီး ပြင်သစ် ကလပ် နဲ့ ရက်ဖိုဒ့် ရဲ့ ကိုယ်စားလှယ်တွေ ဟာ ဆွေးနွေး ပြောဆိုမှုပင် ပြုလုပ် နေပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။
သြစတြီးယား လက်ရွေးစင် နည်းပြအဖြစ် လုပ်ကိုင် နေတဲ့ မန်ယူနိုက်တက် နည်းပြဟောင်း ရပ်ဖ်ရန်းနစ် ဟာ ဘိုလော့ညာ တိုက်စစ်မှူး မာကို အနော်တိုဗစ် ကို အသင်းမပြောင်းဘဲ လက်ရှိ ဘိုလော့ညာမှာသာ ဆက်ကစားဖို့ အကြံပေး ပြောဆိုခဲ့ကြောင်း ဂျာမနီ အခြေစိုက် Sky သတင်းစာက ဖော်ပြလာခဲ့ပါတယ်။