ဆာလာကို ချုပ်ကွက်စီစဉ်တဲ့ လီဗာပူး၊ မန်ယူကို ကျော်ပြီး ဒေါ့မွန်လာတဲ့ ဟာလန်းနဲ့ နံနက်ခင်း သတင်းများ
ဆဲလ်ဘတ်ကနေ ဟာလန်းကို ဒေါ့မွန် ခေါ်ယူစဉ်က ပရီးမီးယားလိဂ်ကလပ် မန်ယူရဲ့ ကမ်းလှမ်းချက်က ပိုမိုကောင်းမွန်ခဲ့ကြောင်း၊ ဒါပေမယ့် နည်းပြ ရွိုင်အိုလာက ဟာလန်းဟာ ဒေါ့မွန်ကိုပြောင်းရင် ပိုမို ကောင်းမယ်လို့ ယူဆခဲ့ကြောင်း ဒေါ့မွန်စီအီးအို ဝက်ဇ်ကီက ထုတ်ဖော်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ချဲလ်ဆီးနဲ့ လမ်းခွဲတော့မယ့် နောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ချဲလ်ဆီးအနေနဲ့ လစာညှိနှိုင်းမှု အဆင်မပြေလို့ ရူဒီဂါကို စာချုပ်သက်တမ်းး တိုးမြှင့်ဖို့ မလွယ်တော့ပါဘူး။

အာဆင်နယ်အသင်းဟာ ဂလာဘတ်ချ်ကွင်းလယ်ကြယ်ပွင့် ဇာကာရီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေဆဲ ဖြစ်ပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ ရာသီကုန်မှာ ဂလာဘတ်ချ်ကနေအလွတ်နဲ့ ထွက်ခွာနိုင်မှာပါ။
မန်ယူ ကစားသမားတွေဟာ နည်းပြဆိုးလ်ရှားနဲ့ အဖွဲ့ဝင်တွေရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ဘယ်လိုမှ အထင်မကြီး ဖြစ်နေကြကြောင်း The Sun က ဖော်ပြထားပါတယ်။
နယူးကာဆယ်ကတော့ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ပရောက်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ၂၆ နှစ်အရွယ်ကစားသမားဟာ ဆောက်သမ်တန်နဲ့စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပြီး အသင်းကလည်း သူ့ကို လက်လွှတ်လိုခြင်း မရှိပါဘူး။
လီဗာပူးဟာ မိုဟာမက် ဆာလာကို သူတို့ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာအောင် လုပ်ပေးဖို့ လစာ ဆိုတာထက် လက်မှတ်ထိုးကြေးကို အသုံးပြုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်မူှး လူကာကူရဲ့အေးဂျင့်ဖြစ်သူက နည်းပြကွန်တီလက်အောက်မှာ လူကာကူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မူှးဖြစ်လာကြောင်း၊ ကွန်တီဟာ သူ့ကို များစွာ ကူညီပေးခဲ့ကြောင်း၊ လူကာကူဟာ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းနဲ့ ဘက်စုံ ဂိုးသွင်းနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
မက်အိုဗာမားစ်ဟာ ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ နယူးကာဆယ်ရဲ့ ဘောလုံးဒါရိုက်တာ ဖြစ်လာဖို့ အေဂျက်ကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ တိုလစ်ဆိုဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်မှာ မဟုတ်တော့ပါဘူး။