မိုရာတာ၊ ဆာဂျီနို ဒက်စ်၊ ဆာဆာ၊ ဇီယက်ချ်၊ ရက်ဖို့ဒ်၊ မာရှယ်တို့နဲ့ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာယူနိုက်တက် က ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ယူနည်းပြ တန်ဟတ်အနေနဲ့ အသင်းရဲ့ ညာနောက်ခံလူနေရာကို အားဖြည့် လိုနေတာပါ။
PSG အသင်းက ခေါ်ယူဖို့ ကြိုးစား နေတယ်လို့ သတင်း ထွက်လာပေမယ့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ဟာ အသင်းမှာသာ ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ နည်းပြ အဲရစ် တန်ဟတ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒါ့အပြင် ဘရိုက်တန် နဲ့ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ် ဟာလည်း အခု တပတ် ဘရန့်ဖို့ဒ်နဲ့ ပွဲကို လွဲချော်ဦးမယ်လို့ တန်ဟတ် က ထုတ်ဖော် အတည်ပြု ပေးသွားခဲ့ ပါတယ်။
တိုက်စစ်မှုးသစ် ရှာဖွေနေတဲ့ မန်ယူအသင်းဟာ တိုက်စစ်မှုး မိုရာတာ အတွက် အက်သလက်တီကို မက်ဒရစ်နဲ့ ပြောဆို ဆွေးနွေးနေတယ် လို့ The Athletic သတင်းဌာနက ဆိုပါတယ်။ မိုရာတာ အတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၆သန်း) လို့ အက်သလက်တီကိုက ဈေးသတ်မှတ်ထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တီမိုဗာနာ ကို မရလိုက်တဲ့နောက် ချယ်ဆီးမှ မိုရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ်သမား ဟာကင် ဇီယက်ချ်ကို ခေါ်ယူချင်နေပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ စတုဂတ် တိုက်စစ်မှူး ဆာဆာ ကာလက်ဇစ် ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပြီး ကစားသမားကလည်း အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းလာချင်နေကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာရဲ့ အရန် ဂိုးသမားနေရာအတွက် ဆောက်သမ်တန် ဂိုးသမားဟောင်း မက်ကာသီ ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။