ချဲလ်ဆီး ပစ်မှတ် တိုက်စစ်မှုး အူဘာမီယန်း အတွက် ဘာစီလိုနာ အသင်း တန်ကြေး ဈေးသတ်မှတ်
ဘာစီလိုနာအသ်ငးဟာ ချဲလ်ဆီးဘက်က ခေါ်ယူဖို့ စိတ်ဝင်စား ပစ်မှတ်ထားနေတဲ့ သူတို့ တိုက်စစ်မှူး အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း အလိုရှိနေတယ် လို့ နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ယခု နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို လက်လွှတ်ထားရတဲ့ ချဲလ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ချယ်ဲဆီးနည်းပြ တူချယ် ကတော့ သူ့ရဲ့ တပည့်ဟောင်း အူဘာမီယန်းနဲ့ ပြန်လည် လက်တွဲချင်နေပါတယ်။
အသက် ၃၃နှစ် အရွယ် ဂါဘွန် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းကာ ဘာစီလိုနာဆီ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးသူပါ။

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ ကစားခဲ့စဉ်က သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန် ခဲ့ရပေမယ့် ဘာစီလိုနာဆီ ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပြီး သူက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ချဲလ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အူဘာမီယန်းကို ခေါ်ယူဖို့ မျက်စိ ကျနေပြီး အူဘာမီယန်းကလည်း သင့်တော်တဲ့ လုပ်ခလစာ ပမာဏသာ ရမယ် ဆိုရင် သူ့ရဲ့ ဆရာဟောင်း တူချယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ ဆုံးဖြတ်ထားပါတယ်။
နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက လီဝန်ဒေါစကီးကို ခေါ်ယူထားနိုင်တာကြောင့် အူဘာမီယန်းကို ပြန်လည် ရောင်းချချင်နေပေမယ့် အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း တောင်းဆိုဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။