ဖိုဖာနာ၊ အူဘာမီးယန်း၊ ကာဆာဒီ၊ ဇီယက်ချ်၊ ဒီဂျောင်တို့နဲ့ ယနေ့ နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှုး အူဘာမီးယန်း အတွက် ယူရို ၁၄ သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပြီး ငြင်းဆန် ပယ်ချခံထားရပါတယ်။ အူဘာမီးယန်း အတွက် ဘာစီလိုနာက ယူရို ၂၅ သန်း ဈေးသတ်မှတ်ထားပြီး ကလပ်နှစ်သင်း ဆက်လက် ဆွေးနွေးကြဦးမှာပါ။

ချဲလ်ဆီးဟာ အူဘာမီးယန်း၊ ဖိုဖာနာ တို့နဲ့ တိုက်ရိုက် ပြောဆို ဆွေးနွေးနေပြီး ကာဆာဒီကိုလည်း လာမယ့် အပတ်ထဲ ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။

တီမိုဗာနာ ကို လိုက်ပ်ဇစ် ပြောင်းခါနီး နောက်ဆုံးမိနစ်မှာ ကြိုးစားခဲ့သေးတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ချဲလ်ဆီး တောင်ပံတိုက်စစ်သမား ဟာကင် ဇီယက်ချ်ကို ခေါ်ဖို့ ဆက်လက် ပစ်မှတ်ထားလာပါတယ်။

ဂျူဗင်တပ်က ကွင်းလယ်လူ ရာဘီရော့ကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းချလိုက်ရင် ဂျူဗင်တပ်က အစားထိုးဖို့ ချဲလ်ဆီး ကွင်းလယ် ဂျော်ဂျင်ဟို ကို စိတ်ဝင်စားလာဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လစ်လပ်သွားခဲ့တဲ့ လီဝမ်ဒေါစကီးရဲ့ တိုက်စစ်ပိုင်းနေရာကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကို စိတ်ဝင်စားနေကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီး က ဘာစီလိုနာ ကွင်းလယ် ဒီဂျောင် ကို ခေါ်ယူရေးကိုလည်း လက်မလျှော့သေးဘဲ ဒီလထဲမှာ ဘာစီလိုနာက ဒီဂျောင်နဲ့ အူဘာမီးယန်းကို ရောင်းချမယ် ဆိုရင် နှစ်ယောက်လုံးကို ခေါ်ဖို့ စီစဉ်နေပါတယ်။

ချဲလ်ဆီး အသင်း ဟာ အင်တာမီလန် ကွင်းလယ်လူ ကာဆာဒီကို ပေါင် ၁၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စီးရီးအေ ကလပ်က အသက် ၁၉နှစ် အရွယ် ကစားသမားအတွက် ပေါင် ၁၅ သန်း အလိုရှိနေပါတယ်။

ချဲလ်ဆီး ၊ ဘိုင်ယန်၊ ဘာကာ၊ အက်သလက်တီကိုတို့နဲ့ ချိတ်ဆက်မှုရှိနေပေမယ့်လည်း စီ ရော်နယ်ဒိုဟာ နောက်ဆုံးမိနစ် အံ့အားသင့်စရာ ကမ်းလှမ်းမှုမျိုး မရှိရင် ဒီရာသီ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်နေသွားမှာ ဖြစ်ပါတယ်။