ချီးကျူးခံရတဲ့ မာတင်နယ်လီနဲ့ ဂျေးဆု၊ မခေါ်မိတာ တော်သေးဆိုတဲ့ မာတီနက်ဇ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် တိုက်စစ်မှုး ဂျေးဆုဟာ လက်စတာနဲ့ ပွဲမှာ ၂ဂိုး သွင်း ၂ဂိုးဖန်တီးခဲ့တာတောင် အားရ မနေဘဲ သူ လေးဂိုး သွင်းနိုင်ခဲ့ရမှာလို့ မကျေမချမ်း ဒေါသထွက်နေကြောင်း နည်းပြ အာတီတာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချက်ကလည်း ဂျေးဆုကို အာဆင်နယ်အသင်းမှာ ကွဲပြားခြားနားတဲ့ တိုက်စစ်မှူး အဖြစ် မြင်တွေ့ခဲ့ရတယ်လို့ ဘရာဇီးလ်သားအား ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဒီရာသီ အာဆင်နယ်အသင်းအတွက် ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံးမှာ တစ်ဂိုးစီ သွင်းထားတဲ့ တိုက်စစ် ကစားသမား မာတင်နယ်လီဟာ အနာဂတ်မှာ အာဆင်နယ်ရဲ့ Icon ဖြစ်လာမယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။
လက်စတာအသင်းဟာ အာဆင်နယ် ပစ်မှတ် တိုင်လီမန်းစ်ကို ပေါင် ၂၅ သန်းလို့ ဈေးလျှော့ သတ်မှတ်ထားပေမယ့် ကမ်းလှမ်းမှု မရှိတာကြောင့် တစ်ရာသီ ဆက်ထားပြီး စာချုပ်ကုန်ချိန်မှ အလွတ်နဲ့ လက်လွှတ်ဖို့ ရှိနေပါတယ်။ တိုင်လီမန်းစ်က လက်စတာရဲ့ သက်တမ်းတိုး စာချုပ်ကိုလည်း ငြင်းဆန်ထားတာပါ။

အာဆင်နယ် ပစ်မှတ်ထားခဲ့ပေမယ့် မန်ယူအသင်းကို ရွေးချယ်သွားတဲ့ မာတီနက်ဇ်ဟာ မန်ချက်စတာ ကလပ်မှာ ခြေစွမ်း ဆိုးဝါးနေတာ တွေ့ရတဲ့နောက် ဂန်းနား ပရိသတ်တွေကတော့ မခေါ်မိတာ မှန်တယ် လို့ မှတ်ချက် ပြုနေကြပါတယ်။
စပါးနဲ့ အင်္ဂလန်ဂိုးသမားဟောင်း ရောဘင်ဆင်က လက်စတာနဲ့ပွဲမှာ ၂ ဂိုး ပေးခဲ့ရတဲ့ အာဆင်နယ် ဂိုးသမား ရမ်းစ်ဒေးကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ သူက ဆာလီဘာရဲ့ Own Goal မှာ ဆာလီဘာရဲ့ အမှား မဟုတ်ဘဲ ရမ်းစ်ဒေးရဲ့ နေရာယူအမှားကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။