တူချယ် စော ထုတ်ခံရသင့်တယ် ဆိုတဲ့ ဒိုင်ဟောင်း၊ တလလောက်နားရမယ့် ကန်တေ၊ ဂေါ်ဒွန်၊ အူဘာနဲ့ ချဲလ်ဆီး သတင်းတိုများ စုစည်းမှု
စပါးနဲ့ ပွဲမှာ ချဲလ်ဆီးနည်းပြ တူချယ် ဟာ ကွင်းဘေးစည်း တလျှောက် ပြေးလွှား အောင်ပွဲခံခဲ့ခြင်း အတွက် နောက်ထပ် တဝါ အရင်ထိကာ ပွဲမပြီးခင်တည်းက ထုတ်ခံရခဲ့သင့်ကြောင်း ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်ဟောင်း တဦး ဖြစ်တဲ့ ပီတာ ဝေါ်လ်တန်က မှတ်ချက်ပေးခဲ့ပါတယ်။
ထိုပွဲ ပွဲပြီးချိန်မှာ တူချယ်နဲ့ ကွန်တီတို့ ထပ်မံ အချင်းများခဲ့ပြီး ကွင်းလယ်ဒိုင် အန်သိုနီ တေလာ ဟာ ဒါကို ထိန်းချုပ်တဲ့ အနေနဲ့ အစောပိုင်းက အဝါထိထားပြီးသား နည်းပြ ၂ဦးလုံးကို နောက်ထပ် တဝါစီ ထပ်ပေးပြီး ၂ဝါတနီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ၂ဦးလုံး လာမယ့် ပွဲစဉ် ၃မှာ ပွဲကြီးကြပ်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် နည်းပြ တူချယ်ဟာ ကွင်းလယ်ဒိုင် အန်သိုနီ တေလာကို ပွဲပြီးအင်တာဗျူးမှာ ဝေဖန်ပြစ်တင်တဲ့ စကားတွေ ပြောဆိုခဲ့တာကြောင့် အက်ဖ်အေက စုံစမ်းစစ်ဆေး အရေးယူဖွယ် ရှိနေပါတယ်။

ဂေါ်ဒွန် အတွက် ချဲလ်ဆီးရဲ့ ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုကို အဲဗာတန်တို့ ဘာကြောင့် ငြင်းဆန်ခဲ့လဲ ဆိုတာ နားလည်ပေးနိုင်တယ် လို့ လီဗာပူး နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က ဆိုခဲ့ပါတယ်။ သူ့အမြင်မှာတော့ အဲဗာတန်ဟာ ဂေါ်ဒွန်အတွက် ဒီထက် ပိုမြင့်တဲ့ကြေး လိုချင်နေတယ်လို့ ယူဆကြောင်း ကာရေဂါက ဆိုပါတယ်။
ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲပြီးခါနီးမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့ပြီး အနည်းဆုံး ၃ ၊ ၄ပတ်ခန့် အနားယူရဖွယ် ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာ တိုက်စစ်မှုး အူဘာမီးယန်းကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေးထဲမှာ ကတ်တလန်ကလပ် အလိုရှိနေတဲ့ မားကို့စ် အလွန်ဆို ကို အလဲထပ် ထည့်သွင်းသွားဖို့ ဆွေးနွေးနေပါတယ

နယူးကာဆယ် ဟာ လက်ကျန် အပြောင်းအရွှေ့ ကာလမှာပဲ ချဲဆီး ကနေ ထွက်ခွာနိုင်ချေ ရှိတဲ့ ကစားသမား ၄ယောက် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အကြောင်း လန်ဒန် ကလပ်အား အသိပေးလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ ကစားသမားတွေကတော့ ကွင်းလယ် လူငယ် ကစားသမား ကော်နာ ဂယ်လာဟာ၊ ပူလီဆစ်၊ အိုဒွိုင်း နဲ့ ဘရိုဂျာ တို့ ဖြစ်ပါတယ်။