ကလပ်ကို ထုတ်ရောင်းမယ့် ဂလေဇာ မိသားစု၊ ဖီးလစ်၊ ပူလီဆစ်၊ ကက်စမဲရိုးတို့နဲ့ ယနေ့ မန်ယူသတင်းများ စုစည်းမှု

ယူနိုက်တက်ရဲ့ ရာဘီရော့ကို ခေါ်ယူမယ့် အပြောင်းအရွှေ့က လုပ်ခပိုင်း သဘောတူညီမှု မရခြင်းကြောင်း ပျက်ဆီးသွားဖို့ ရှိနေတာနဲ့အတူ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကာဆီမီရိုကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများအပြားဟာ သူတို့ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်နေတာကြောင့် အသင်းကို ပြန်လည် ရောင်းချဖို့ စဉ်းစားနေပြီး ယူနိုက်တက်ကို ရောင်းချရာကနေ ဒေါ်လာ ၆ ဘီလီယံ ဝန်းကျင် အထိ လိုချင်နေပါတယ်။

ဒီဂီယာနေရာ အစားထိုးဖို့ ရှာနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ပြင်သစ်ဂိုးသမား အီလန်မယ်လီယေကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် လိဒ်စ်အသင်းဘက်ကတော့ မယ်လီယေကိ လုံးဝ ရောင်းချသွားမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ချယ်ဆီးဟာ ပူလီဆစ်ကို အငှားချဖို့ရှိပြီး နယူးကာဆယ်ဟာ အက်သလက်တီကို၊ ဂျူဗီ၊ အေစီမီလန်တို့နဲ့ အပြိုင် ကြိုးစားသွားလိုနေစဉ်မှာပဲ ယူနိုက်တက်ကလည်း ကမ်းလှမ်းမှုထဲ ပါဝင်လာခဲ့ပါတယ်။

မာရှယ်ဟာ လီဗာပူးနဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာတော့မှာ ဖြစ်တာနဲ့အတူ အိုးထရတ်ဖိုဒ့်ပွဲမှာ နည်းပြတန်ဟက်က ရော်နယ်ဒိုကို ချန်လှပ်ထားဖွယ် ရှိနေပါတယ်။

မိုရာတာနဲ့ ရော်နယ်ဒိုကို အလဲအထပ်လုပ်ဖို့ ကောလာဟာလတွေ ထွက်လာတဲ့နောက် မိုရာတာကတော့ အက်သလက်တီကိုကို စွန့်ခွာဖို့ စိတ်မဝင်စားဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က အက်သလက်တီကို တိုက်စစ်သမား ဖီလစ်နဲ့ ကူညာတို့အတွက် ချိတ်ဆက်မှု လုပ်ခဲ့ပေမယ့် သူတို့ကို ဒီနွေမှာ လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခြင်း ခံခဲ့ရပါတယ်။ ယူနိုက်တက်ဘက်က ဂျွန်မက်တော့ ကိုယ်တိုင် ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ဘီလျံနာကြီး ဆာဂျင်ရတ်ကလစ်ဖ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဝယ်ယူသွားဖို့ ဆန္ဒရှိနေပြီး ဂလေဇာတို့ဘက်ကသာ ကလပ်အသင်းကို ရောင်းချခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာဖို့ အလားအလာ အကောင်းဆုံးသူပဲလို့ ရတ်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောသွားပါတယ်။