ကပ်စ်မဲရိုး အရောက် တော်မီနေး အထွက်၊ မက်ဂွဲရား ချဲလ်ဆီး၊ ဘိုင်လီ မာဆေးနဲ့ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် ခံစစ်မှုး အဲရစ်ဘိုင်လီဟာ ပြင်သစ်ကလပ် မာဆေးအသင်းထံ ပြောင်းရွှေ့တော့မယ် လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြသွားပါတယ်။ ဘိုင်လီရဲ့ အေးဂျင့်နဲ့ မာဆေး အသင်း တာဝန်ရှိသူတွေ ဒီနေ့ ဆွေးနွေးခဲ့ကြပြီး ကစားသမားကလည်း လက်ခံလိုက်ပြီလို့ ဆိုပါတယ်။
မန်ယူအသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမား ကပ်စ်မဲရိုး ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း မနေ့က ကြေညာပြီးနောက် ကစားသမားဟာ ဒီနေ့ မန်ချက်စတာသို့ လာရောက် ဆေးစစ်တော့မှာ ဖြစ်ပါတယ်။ ကပ်စ်မဲရိုးဟာ ဒီအပတ် လီဗာပူးနဲ့ ပွဲမှာတော့ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။

ချယ်ဆီးအသင်းဟာ ယူနိုက်တက် ခံစစ်မှုး ဟယ်ရီ မက်ဂွဲရားကို အံံအားသင့်ဖွယ် ချိန်ရွယ်လာပြီး မန်ချက်စတာ ကလပ် အလိုရှိနေတဲ့ ပူလီဆစ် နဲ့ အလဲအထပ် သဘော လုပ်ဖို့ အလိုရှိနေပါတယ်။
ကက်စမဲရိုး ရောက်ရှိလာမှုကြောင့် မန်ယူနိုက်တက် အသင်းမှာ နေရာပျောက်ဖို့ အလားအလာ များနေတဲ့ တော်မီနေး ကို ဝက်စ်ဟမ်းယူနိုက်တက်၊ အဲဗာတန် နဲ့ နယူးကာဆယ် အသင်းတွေက စောင့်ကြည့် စိတ်ဝင်စား လာခဲ့တယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။

မန်ယူနိုက်တက် နဲ့ ပြန်လည် သတင်းကြီးလာတဲ့ အိုင်ယက်စ် တောင်ပံ ကစားသမား အန်တိုနီ ဟာ နယ်သာလန် ကလပ်မှာ ဆက်ရှိနေဖို့ အာမခံနိုင်မလား ဆိုတဲ့ မေးခွန်း ကို ဘာမှ ကြိုမပြောနိုင်ကြောင်း၊ အကောင်းဆုံး ဆုံးဖြတ်ချက် ကို ချမှတ်သွားမှာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
မန်ယူနိုက်တက် ဟာ နာပိုလီ ရဲ့ မက္ကဆီကို တောင်ပံ ကစားသမားလေး ဟာဗေး လိုဇာနို ကိုလည်း စိတ်ဝင်စား နေတယ်လို့ အီတလီ ဂျာနယ်လစ် ဂီယန်လူကာ ဒီမာဇီယို က ဖော်ပြသွားခဲ့သလို အက်သလက်တီကို မက်ဒရစ် တောင်ပံ ကစားသမား ကာရက်စ်ကို ကိုလည်း စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရှိရပါတယ်။