EPL ပွဲတိုင်းနိုင် ဇယားထိပ် ရောက်လာတဲ့ အာဆင်နယ် အသင်းရဲ့ ဘုန်းမောက်ကိုနိုင်တဲ့ပွဲအပြီး ထူးခြား သတင်းများ
အာဆင်နယ်အသင်း ဟာ ညက ဘုန်းမောက်ကို အဝေးကွင်းမှာ အိုဒီဂတ်၊ ဆာလီဘာတို့ ဂိုးနဲ့ သက်တောင့်သက်သာ ဂိုးပြတ် အနိူင်ယူပြီး ဇယားထိပ်မှာ ရပ်တည်နိင်ခဲ့ပါတယ်။ ဒီပွဲမှ ထူးခြားတဲ့ ပြောစရာအချက်တွေနဲ့ ပွဲပြီး ထူးခြား သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ရပ်တန့်မရနိူင်တဲ့ ဂျေးဇု
ဂျေးဇုက ဘုန်းနောက် နောက်တန်း တစ်လျှောက် စိတ်ကြိုက်မွှေနှောက်ခဲ့ပြီး အသင်းခေါင်းဆောင် အိုဒီဂတ် ဂိုးသွင်းဖို့ အတွက် ပထမဆုံး ဖန်တီးပေးနိူင်ခဲ့ပါတယ်။ ဒီပွဲမှာ သူက ထူးရှယ် ခြေစွမ်းကို ထပ်မံ ပြသခဲ့ပြီး တစ်ဖက် ပင်နယ်တီ ဧရိယာမှာ သူက ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူး တစ်ယောက်ဆိုတာ သက်သေပြခဲ့သလို သူ့ ဂိုးကလည် VAR ကြောင့် နစ်နာခဲ့တာက လွှဲပြီး အာဆင်နယ် ပရိတ်သတ် အသည်းနှလုံးကို ဖမ်းစားနိူင်ခဲ့ပါတယ်။
ဂျေးဇု က အခုချိန်မှာ အာဆင်နယ် အသင်း အတွက် ၂ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေးနိူင်ခဲ့ပြီဖြစ်ပါတယ်။ ၃ ဂိုး ဖန်တီးနိူင် ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုးရဖို့ ဖန်တီးမှု အများဆုံး ကစားသမား အနေနဲ့ လက်ရှိမှာ ရပ်တည်နေပါတယ်။

ဂိုးသွင်းနိူင်သလို အသင်းခေါင်းဆောင်ပီသတဲ့ မာတင် အိုဒီဂတ်
ပရီးမီးယားလိဂ် ပွဲ ပေါင်း ၅၀ ကစားခဲ့ပေမယ့် အိုဒီဂတ်ကတော့ တစ်ပွဲထဲ ၂ ဂိုးသွင်းယူနိူင်ခဲ့ခြင်း မရှိပါဘူး။ ဒီပွဲမှာတော့ သူက အသင်းကို ကောင်းကောင်း မောင်းနှင်ပြီး ဂိုးဖန်တီးပေးရုံသာမက ဂိုးသွင်း နိူင်တဲ့ ကစားသမား ဆိုတာကို ၂ ဂိုးသွင်းပြီး သက်သေပြသနိူင်ခဲ့ပါတယ်။
့ပွဲအပြီးမှာလည်း အိုဒီဂတ်က အာဆင်နယ် ပွဲတိုင်းနိုင် ဇယားထိပ် ရောက်လာတဲ့ အပေါ် မြောပါမနေဘဲ စိတ်တည်ငြိမ်စွာ ထားပြီး နှိမ့်ချနေကြဖို့ အာဆင်နယ် အသင်းဖော်တွေအား အသင်းခေါင်းေ်ဆာင် ပီသစွာ သတိပေးခဲ့ပါတယ်။

တိုက်စစ်ကို လိုက်နိုင်လာတဲ့ ခံစစ်
ဆာလီဘာကတော့ လက်စတာနဲ့ ပွဲတုန်းက ကိုယ့်ဂိုးကိုယ်သွင်းမိလို့ နာကျင် စိတ်ပျက်ရတဲ့ အဖြစ်ကို ဒီပွဲမှာ အာဆင်နယ် အသင်းအတွက် ဘယ်ခြေနဲ့ လှလှ ပပ ဂိုးသွင်းပြီး ချေဖျက်နိူင်ခဲ့ပါတယ်။ ဆာလီဘာက လက်ရှိ မှာ အကောင်းဆုံး ခြေစွမ်းကို ပြသနေတာဖြစ်ပြီး ဘင်ဝှိုက်၊ ဂါဘရီရဲလ်၊ ဇင်ချင်ကို တို့နဲ့ တစ်ဖက် ရှေ့တန်းတွေ ထိုးဖောက်ရခက်တဲ့ နောက်တန်းခံစစ် အနေနဲ့ ရပ်တည် ကာ Clean Sheet ကို အရယူနိူင်ခဲ့ပါတယ်။ ညာတောင်ပံ ဘက် က ဘင်ဝှိုက်က တိုက်စစ် သိပ်လိုက်ပါခြင်း မရှိပေမယ့် ဇင်ချင်ကိုကတော့ ဘယ်တောင်ပံ တစ်လျှောက် ဘုန်းမောက် အသင်းကို ကောင်းကောင်း ဒုက္ခပေးနိူင်ခဲ့ပါတယ်။
အာဆင်နယ် နဲ့ လမ်းခွဲဖို့ သေခြာသလောက် ရှိတဲ့ ပေပေ
အာဆင်နယ် အသင်း ပေါင် ၇၂ သန်းနီးပါး ဈေးကြီးခေါ်ယူထားပေမယ့် နီကိုးလပ်စ် ပေပေက ၂ ပွဲမှာ လူစားလဲ တဲ့ထဲက ကွင်းထဲကို တစ်မိနစ်မှ ဝင်ကစားနိူင်ခဲ့ခြင်း မရှိပါဘူ။ ခုချိန်မှာ ဗီအဲရာက ဒဏ်ရာက သက်သာ ပျောက်ကင်းနေတာဖြစ်ပြီး အရံခုံ ပြန်ရောက်လာပြီဖြစ်တာကြောင့် ပေပေ အတွက် အာဆင်နယ်မှာ နေရာ မရှိနိူင်တော့ပါဘူး။