ဂိုးပြတ်ရှုံးပွဲ အတွက် ထူးဆန်းတဲ့ ဆင်ခြေ၊ ပြောခံနေရတဲ့ မန်ဒီ၊ အိုင်ဗန်တိုနေး၊ ပူလီဆစ်တို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ညက လိဒ်နဲ့ အဝေးကွင်းပွဲမှာ ချဲလ်ဆီးက ၃-ဝ နဲ့ ဂိုးပြတ် ရှုံးခဲ့ရပေမယ့် ချဲလ်ဆီးကသာ သိသာစွာ ပိုကောင်းတဲ့ အသင်း ဖြစ်တယ် လို့ နည်းပြ တူချယ်က ပြောဆိုခဲ့ပါတယ်။

ဒီပွဲအတွက် ခရီးသွားလာရေး စီစဉ်မှုတွေ အဆင်မပြေဖြစ်ခဲ့ရပြီး အချိန်ကြာ ဘတ်စ်ကား စီးလာရတာက ပွဲကို ထိခိုက် စေခဲ့တယ် လို့လည်း တူချယ်က ဆင်ခြေပေးခဲ့ပါတယ်။ ချဲလ်ဆီး ကစားတာ အတော်ကို ပိုကောင်းခဲ့ပေမယ့် ပြိုင်ဘက်ကို လက်ဆောင်ဂိုးတွေ ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

ချဲလ်ဆီးအသင်း ပရိသတ်တွေကတော့ လိဒ် အသင်းကို ပေးလိုက်ရတဲ့ အဖွင့်ဂိုးမှာ မမှားသင့်ပဲ မှားခဲ့ရတဲ့ အသင်း ဂိုးသမား မန်ဒီကို ဆိုရှယ် မီဒီယာအထက်ကနေ ဝေဖန်တိုက်ခိုက်နေကြပါတယ်။

ဘရန်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ပရီးမီးယားလိဂ်ထိပ်သီးကလပ်ချဲလ်ဆီးလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လူကာကူနဲ့ တီမိုဝါနာကို ထွက်ခွာခဲ့ပြီးနောက် လက်ရှိအချိန်မှာတိုက်စစ်ပိုင်းကို အားဖြည်ဖို့ ကြံရွယ်လျက်ရှိနေပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်ဟာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ပူလီဆစ်ဟာ ချန်ပီယံလိဂ် ကစားချင်တဲ့အတွက် ချဲလ်ဆီး အသင်းမှာသာ ဆက်လက်နေထိုင်ကာ မန်ယူကိုပြောင်းရွှေ့လိုခြင်း မရှိပါဘူး။