နီတို အတွက် ပေါင် သန်း ၅ဝ၊ ပေပေ၊ နိုင်းစ်နဲ့ ဘယ်လာရင်၊ ကွင်းလယ်သစ် ခေါ်မယ့် အခြေနေနဲ့ အာဆင်နယ် သတင်းများ
လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ် ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်မယ်ဆိုရင် တိုင်လေမန့်စ်ကိုပဲဦးစားပေး ခေါ်ယူသွားမှာပါ။ အာဆင်နယ်ဟာ လက်ကျန် အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဝုဗ် တောင်ပံကစားမား နီတို ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိနေတယ်လို့ The Athletic သတင်းကက ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေပေကို ရောင်းချကာ ညာတောင်ပံကစားသမားတစ်ဦး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ နီတို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ပေးဖို့ ဆန္ဒ ရှိပြီး ဝုဗ် ဘက်ကတော့ ပေါင် သန်း ၅၀ အလို ရှိနေပါတယ်။ နီတို ဟာ အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်တဲ့ အပြင် နည်းပြ အာတီတာရဲ့ စိတ်ကြိုက် ကစားသမားတစ်ဦးပါ။

အာဆင်နယ် အသင်းဟာ လာမယ့် အပတ်အတွင်းမှာ တိုင်လီမန်းစ် အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေလို့ ဘယ်ဂျီယံ သတင်းတွေ အဆိုအရ သိရပါတယ်။ အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ပစ်မှတ်စာရင်းထဲမှာ တိုနာလီ နှင့် ကိုင်စီဒို တို့လည်း ပါဝင် နေပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ အပြောင်းအရွှေ့မပိတ်ခင် မိတ်လန်နိုင်းလ်စ် ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ် ဘက်ကတော့ ပေါင် ၁၀ သန်းအောက် ရရင်တောင် ရောင်းထုတ် သွားဖို့ ဆန္ဒ ရှိနေပါတယ်။
ပြင်သစ်ကလပ် Reims အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ အာဆင်နယ် လူငယ် တိုက်စစ်မှူး ဘာလိုဂန် ဟာ သုံး ပွဲ ကစားရာမှာ ပွဲတိုင်း ၁ ဂိုးစီ သွင်းယူပြီး သွင်းဂိုး ၃ ဂိုး ရရှိ ထားပါတယ်။ ဘာလိုဂန် ဟာ ၁၉၇၅ ခုနှစ်တုန်းက ဗားဂနက်စ် နောက်ပိုင်း Reims အသင်းရဲ့ အဖွင့်ပွဲစဉ် ၃ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာ ခဲ့ပါတယ်။
တိုက်စစ်မှုး ဘူကာရို ဆာကာ ဟာ ၂၀၂၁ ခုနှစ် ၊ မေလတုန်းက နယူးကာဆယ် နဲ့ ပွဲနောက်ပိုင်း အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၄၅ ပွဲ ဆက်တိုက် ပါဝင် ကစားခွင့် ရရှိ ထားပါတယ်။

အာဆင်နယ် အသင်းဟာ ပေပေ ကို အသင်းကနေ ရှင်းထုတ် နိုင်ခဲ့ပြီးပါက မိတ်လန်နိုင်းလ်စ် ကို ထွက်ခွာခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ဘယ်လာရင် အတွက်တော့ ပြောင်းရွှေ့ကြေး အနည်းငယ် အလို ရှိနေပြီး မရရင်တော့ စာချုပ် ဖျက်သိမ်းသွားဖို့ ရှိပါတယ်။
အာဆင်နယ် အသင်း ပါဝင်တဲ့ ယူရိုပါလိဂ် အုပ်စု အဆင့် မဲခွဲမှု ကို ဩဂုတ်လ ၂၆ ရက်နေ့ ၊ မြန်မာ စံတော်ချိန် ညနေ ၅ နာရီခွဲမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။