မော်ရင်ညို ခေါ်ချင်နေတဲ့ မန်ယူခံစစ် ၂ဦး၊ စိတ်ပူနေတဲ့ ရွန်းနီနဲ့ ယနေ့ မန်ယူ သတင်းတိုများ

မန်ယူအသင်းမှာ ခံစစ်ကို ပြန်ပြေးဖို့ စိတ်အားထက်သန်မှု မရှိတဲ့၊ ခုခံကာကွယ်ချင်စိတ် မရှိတဲ့၊ ကလပ်အတွက် အရာအားလုံး ပေးစိတ်ချင်စိတ် မရှိတဲ့ ကစားသမားတွေ များလွန်းနေတဲ့အပေါ် စိုးရိမ်နေကြောင်း ဝိန်းရွန်းနီက ထုတ်ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်း ရော်ဘတ်ဆန်က မန်ယူအနေနဲ့ ပေါ့ဂ်ဘာကို ဆက်ထိန်းဖို့ဆိုရင် ကွန်တီ၊ ဇီဒန်းတို့လို ထိပ်တန်းအဆင့်နည်းပြတွေကို ခန့်အပ်ရမှာဖြစ်ကြောင်း၊ တကယ်လို့ ပေါ့ဂ်ဘာအနေနဲ့ မန်ယူမှာ ဆက်နေချင်တယ်ဆိုရင် ဒီအချိန်မှာ စာချုပ်တိုးပြီးပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်နဲ့ နောက်ခံလူ ဘိုင်လီတို့အနေနဲ့ ပွဲထွက်ခွင့် မရတဲ့အပေါ် နည်းပြဆိုးလ်ရှားအပေါ် မကျေမနပ် ဖြစ်လျက် ရှိနေတာပါ။ သူတို့ရဲ့ အနာဂတ်ကို အသင်းထံ မေးမြန်းထားပြီး ပွဲထွက်ခွင့် အာမခံချက်မရရင် ထွက်ခွာမှာ ဖြစ်ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားက ဒီကာလဟာ သူတို့အသင်းအတွက် အလွန်ခက်ခဲကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ စုစုစည်းစည်းနဲ့ အခြေအနေဆိုးကို တွန်းလှန်နိုင်ဖို့ လိုအပ်ကြောင်း၊ လီဗာပူးနဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဒီထက်ပိုကောင်းအောင် စွမ်းဆောင်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဟိုဆေး မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ယူနိုက်တက် ကစားသမား၂ဦးကို ဇန်နဝါရီမှာ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အီတလီသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ ဇန်နဝါရီမှာ ယူနိုက်တက် ညာနောက်ခံလူ ဒါလော့ကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗာရိန်း ရောက်လာတာကြောင့် ပွဲထွက်ခွင့် သိပ်မရတဲ့ လင်ဒီလော့ဖ်ကိုလည်း ရိုးမားနည်းပြက ပစ်မှတ်ထားလာတာပါ။

ZG

မန္ယူအသင္းမွာ ခံစစ္ကို ျပန္ေျပးဖို႔ စိတ္အားထက္သန္မႈ မရွိတဲ့၊ ခုခံကာကြယ္ခ်င္စိတ္ မရွိတဲ့၊ ကလပ္အတြက္ အရာအားလုံး ေပးစိတ္ခ်င္စိတ္ မရွိတဲ့ ကစားသမားေတြ မ်ားလြန္းေနတဲ့အေပၚ စိုးရိမ္ေနေၾကာင္း ၀ိန္းရြန္းနီက ထုတ္ေျပာဆိုလိုက္ပါတယ္။

အဂၤလန္ဂိုးသမားေဟာငး္ ေရာ္ဘတ္ဆန္က မန္ယူအေနနဲ႔ ေပါ့ဂ္ဘာကို ဆက္ထိန္းဖို႔ဆုိရင္ ကြန္တီ၊ ဇီဒန္းတုိ႔လို ထိပ္တန္းအဆင့္နညး္ျပေတြကို ခန္႔အပ္ရမွာျဖစ္ေၾကာင္း၊ တကယ္လုိ႔ ေပါ့ဂ္ဘာအေနနဲ႔ မန္ယူမွာ ဆက္ေနခ်င္တယ္ဆုိရင္ ဒီအခ်ိန္မွာ စာခ်ဳပ္တုိးၿပီးၿပီျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ဗန္ဒီဘတ္ခ်္နဲ႔ ေနာက္ခံလူ ဘိုင္လီတုိ ႔အေနနဲ႔ ပြဲထြက္ခြင့္ မရတဲ့အေပၚ နညး္ျပဆုိးလ္ရွားအေပၚ မေက်မနပ္ ျဖစ္လ်က္ ရွိေနတာပါ။ သူတုိ႔ရဲ႕ အနာဂတ္ကို အသင္းထံ ေမးျမန္းထားၿပီး ပြဲြထြက္ခြင့္ အာမခံခ်က္မရရင္ ထြက္ခြာမွာ ျဖစ္ပါတယ္။

မန္ယူ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ဒီကာလဟာ သူတို႔အသင္းအတြက္ အလြန္ခက္ခဲေၾကာင္း၊ ဒါေပမဲ့ သူတို႔အေနနဲ႔ စုစုစည္းစညး္နဲ႔ အေျခအေနဆုိးကို တြန္းလွန္ႏုိင္ဖုိ႔ လိုအပ္ေၾကာင္း၊ လီဗာပူးနဲ႔ပြဲမွာ ေပးလိုက္ရတဲ့ ဂိုးေတြကို ခြဲျခမ္းစိတ္ျဖာၿပီး ဒီထက္ပိုေကာင္းေအာင္ စြမ္းေဆာင္သြားမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဟိုေဆး ေမာ္ရင္ဟိုဟာ ႐ိုးမားအသင္းကို ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ ယူႏိုက္တက္ ကစားသမား၂ဦးကို ဇန္နဝါရီမွာ ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

အီတလီသတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ေမာ္ရင္ဟိုဟာ ဇန္နဝါရီမွာ ယူႏိုက္တက္ ညာေနာက္ခံလူ ဒါေလာ့ကို ေခၚယူဖို႔ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဗာရိန္း ေရာက္လာတာေၾကာင့္ ပြဲထြက္ခြင့္ သိပ္မရတဲ့ လင္ဒီေလာ့ဖ္ကိုလည္း ႐ိုးမားနည္းျပက ပစ္မွတ္ထားလာတာပါ။