ဝက်စတာ၊ အူဘာ၊ ဇီယက်ချ်၊ ဒီရက်ပိုင်း အဝင်အထွက်တွေ ရှိဦးမယ် ဆိုတဲ့ ရိုမန်နိုနဲ့ ယနေ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ဒီရက်ပိုင်းအတွင်းမှာ ချယ်ဆီး ခံစစ်ကြောင်းက ကစားသမား အဝင်၊ အထွက်တွေ ရှိလာဦးမယ် လို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဆိုထားပါတယ်။ ချယ်ဆီး ကစားသမား အထွက်ထဲမှာ အမ်ပဒူက အငှား ထွက်ဖွယ် ရှိနေသလို ချာလိုဘတ်ကလည်း အင်တာမီလန် အပါအဝင် ဥရောပအသင်း တော်တော်များများ အလိုရှိခံနေရပါတယ်။
လက်စတာ နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ ရဲ့ အခြေအနေ ကတော့ တိုးတက်လာမှု မရှိသေးဘဲ ကစားသမား ဘက်ကတော့ ချဲလ်ဆီးကို ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

ချဲလ်ဆီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ လက်စတာနောက်ခံလူ ဖိုဖာနာကို မခေါ်နိုင်ခဲ့ဘူးဆိုရင် ဘရိုက်တန်ကြယ်ပွင့် ဝက်စတာ ဘက်ကို မြားဦးလှည့်မှာပါ။ ချဲလ်ဆီးနည်းပြ တူချယ်အအနေနဲ့ ခံစစ်ကြောင်းကို ထပ်မံ အားဖြည့်လိုနေပြီး ထိပ်တန်း ကစားသမားတွေကို ချိန်ရွယ် နေပါတယ်။
ချဲလ်ဆီး နဲ့ အူဘာမီးယန်း တို့ကတော့ အပြောင်းအရွှေ့ အတွက် ပါစင်နယ် အချက်အလက်တွေ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဘာစီလိုနာ ဘက်က ယူရို သန်း ၃၀ ခန့် ရရှိဖို့ မျှော်လင့် ထားပြီး ကလပ် ၂ သင်း အကြား ဆက်လက် ညှိနှိုင်း နေကြပါတယ်။

အူဘာမီးယန်း ထွက်ခွာမှု ဟာ ဘာစီလိုနာ ရဲ့ လုပ်ခလစာ ပမာဏ ကို ယူရို ၁၈ သန်း ကျော် လျော့ကျ သွားစေမှာ ဖြစ်တာကြောင့် ဂျူးလ် ကွန်ဒေး ကို စာရင်းသွင်းနိုင် တော့မှာ ဖြစ်သလို တနှစ်လုပ်ခ ယူရို ၄ သန်းထက် ပိုမပေးရမယ့် ကစားသမားသစ် တဦး ကိုလည်း ထပ်မံ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။
ချဲလ်ဆီး တောင်ပံကစားသမား ဇီယက်ချ် ဟာ အသင်းဟောင်း အေဂျက်စ် ရဲ့ ဒါရိုက်တာ ဟန်တယ်လာ နဲ့ ယမန်နေ့ ကတွေ့ဆုံခဲ့ပြီး နယ်သာလန် ကို ပြန်သွားဖို့ အလားအလာ များပြားနေတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။