မာတင်နယ်လီ စာချုပ်သစ်၊ ဇင်ချန်ကိုကြောင့် ပေးဂိုးများမယ် ဆိုလိုက်သူ၊ ဂတ်ပို၊ ပီပီတို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ စုစည်းမှု
ဇင်ချန်ကိုဟာ တစ်ဦးချင်း ခုခံရာမှာ မကောင်းမွန်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ယခုရာသီမှာ ဂိုးတွေအများကြီး ခွင့်ပြုရလိမ့်မယ်လို့ talkSPORT ဘောလုံးဝေဖန်သူ ဂျေမီ အိုဟားရားက အိုလက်ဇန်းဒါး သုံးသပ် ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကစားသမားသစ်တွေ တောက်လျှောက်ခေါ်ယူနေတဲ့ အာဆင်နယ်အသင်းဟာ FFP စည်းမျဉ်း ချိုးဖောက်မှု ရှိ မရှိ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ယူအီးအက်ဖ်အေရဲ့ စောင့်ကြည့်ခံ အသင်း စာရင်းထဲ ပါဝင်နေပါတယ်။
အာဆင်နယ်က ခြေစွမ်းပြနေတဲ့ မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။ ဘရာဇီးသားလေးဟာ တပတ်ကို ပေါင် ၉သောင်းခန့် ရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာတော့ ပိုမိုမြင့်မားတဲ့ ခံစားခွင့်တွေကိုရရှိဖို့လည်း ရှိနေပါတယ်။

တိုက်စစ် ထပ်မံ အားဖြည့်လိုနေသေးတဲ့ အာဆင်နယ်ဟာ မန်ယူ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗီ တောင်ပံတိုက်စစ် ဂတ်ပို ကိုလည်း ချိန်ရွယ်လာကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ် ကွင်းလယ်လူ နိုင်းလ်စ်ကို ခေါ်ယူဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့ ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။ ဝက်စ်ဟမ်းက ကွင်းလယ်လူ လိုအပ်နေပြီး သူတို့ရဲ့ အခြားပစ်မှတ်တွေနဲ့ဆွေးနွေးရာမှာလည်း အောင်မြင်မှု မရှိသေးဘူးလို့ ထိုသတင်းမှာ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဟာ ဝုဗ်အသင်းရဲ့ တောင်ပံကစားသမား နီတို ကို ဆွေးနွေးဖို့အတွက် အသင့် ရှိနေပြီး နီကိုးလပ်စ် ပီပီ အရင် ထွက်ခွာဖို့ စောင့်ဆိုင်းနေတယ်လို့ The Athletic သတင်းဌာနက ဆိုပါတယ်။ ပီပီက ပြင်သစ်ကလပ် နိုက်စ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ပီပီ ကို လက်စတာစီးတီးကလည်း ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် ကြိုးစားလာဖို့ ရှိကြောင်း ပြင်သစ်က သတင်းတွေနဲ့ The Times သတင်းက ဖော်ပြလာပါတယ်။
ဘယ်လ်ဂျီယံသတင်းထောက် ဆန်ချာ တာဗိုလီရီ ကတော့ ဂန်းနားတို့ဟာ တိုင်လီမန်းစ်ကို အသဲအသန် လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုလာခဲ့ပြီး တိုင်လီမန်းစ်ကို ခေါ်ယူရေးမအောင်မြင်ခဲ့ပါက အေစီကစားသမား တိုနာလီနဲ့ ဘရိုက်တန်ရဲ့ ကိုင်စီဒိုတို့ကို အရံပစ်မှတ်အဖြစ် လျာထားကြောင်း ပြောဆိုလာခဲ့ပါတယ်။