အငှား တစ်ယောက်နဲ့ လဲရမယ့် ဂေါ်ဒွန်၊ အူဘာနဲ့ ဖိုဖာနာ အခြေနေ၊ ကိုဗာဆစ်၊ အိုဒွိုင်းတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

အဲဗာတန်အသင်းဟာ ချဲလ်ဆီးအသင်းဘက်က အလိုရှိနေတဲ့ လူငယ် တောင်ပံကစားသမားလေး အန်တိုနီ ဂေါ်ဒွန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)အပြင် ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဟာ ဒါမှမဟုတ် ကွင်းလယ်ကစားသမား ကော်နာဂယ်လာဂါ တစ်ဦးဦးကို အငှားနဲ့ ပြန်လည် အလိုရှိနေပါတယ်။

ကွင်းလယ် ကစားသမား ကိုဗာဆစ်ဟာ အင်္ဂါနေ့က ချဲလ်ဆီး အသင်းနဲ့ အတူ ထရိန်နင် အပြည့် ပြန်ဆင်းနေပြီး ဒူးဒဏ်ရာကနေ သက်သာလာကာ ပြန် ကစားလာနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ ဟာ အသစ် ခေါ်ယူထားတဲ့ ကွန်ဒေး ကို မှတ်ပုံ တင်နိုင်ဖို့ အတွက် သူတို့ရဲ့ ကစားသမား အထွက်စာရင်း အပေါ် မူတည်နေရပြီး တိုက်စစ်မှုး အူဘာမီးယန်း ကို ချဲလ်ဆီးထံ ရောင်းထုတ်သွားရဖွယ် ရှိနေပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ဂုရု သတင်းောက် ဖာဘရီဇီယိုယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ အူဘာမီယန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြား ဘာသမဘောတူညီချက်မှ မရနိုင်သေးဘူးလို့ သိရပါတယ်။

လက်စတာအသင်းက ဖိုဖန်နာအတွက် ချဲလ်ဆီးအသင်းရဲ့ ပေါင် သန်း ၇ဝ နဲ့ တတိယ အကြိမ်မြောက် ကမ်းလှမ်းမှုကို ပယ်ချပြီးနောက် ကစားသမားကိုပါ စီနီယာအသင်းစာရင်းမှ ချန်လှပ်ထားကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးအသင်းတောင်ပံ တိုက်စစ်ကစားသမား အိုဒွိုင်းဟာ လေဗာကူဆင်အသင်းထံ တစ်ရာသီ အငှားပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မက်ဂွဲရား အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီး အသင်းကြား ဘာ ညှိနှိုင်း ဆွေးနွေးမှုမှ ရှိမနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပြီး မက်ဂွဲရားဟာ မန်ယူမှာပဲ ဆက်ရှိနေဖွယ် ရှိပါတယ်။