ဆိုးရှားက မန်ယူမှာ နေလို့ရတဲ့ နောက်ဆုံးအချိန်ထိကို ဖက်တွယ်နေလိမ့်မယ်လို့ ပေါလ်မာဆန် သတိပေး
လီဗားပူးလ်ကို (၅) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပွဲစဉ်အပြီး အသင်းရဲ့ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ်အပါအဝင် ၊ ယူနိုက်တက်အသင်းသားတွေ ၊ တစ်ကမ္ဘာ့လုံးကပရိသတ်တွေက ဆိုးရှား ရဲ့နည်းစနစ်အပေါ်မှာ သံသယဖြစ်လာကြပါတယ်။
မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဟာ နည်းပြဆိုးရှား ရဲ့ကစားသမားအုပ်ချုပ်ပုံ နဲ့စီမံခန့်ခဲမှုတွေကို သဘောကျနေပေမယ့် သူ့ရဲ့နည်းစနစ်ပိုင်းအားနည်းမှုတွေက ယူနိုက်တက် နဲ့ကိုက်ညီရဲ့လားဆိုတာကို စတင်သံသယဝင်လာခဲ့ပြီဖြစ်ပါတယ်။
တစ်ဖက်ကလည်း ဆိုးလ်ရှားကို ထုတ်ပယ်ပြီး အခြားနည်းပြတစ်ယောက် အစားထိုးခန့်အပ်ချင်ပေမယ့် မိုယက်စ် ၊ ဗန်ဟား ၊ မော်ရင်ဟိုတို့ကို ထုတ်ပယ်ပြီးတာတောင် အသင်းက တိုးတက်မလာသေးတဲ့အတွက် အလေးအနက်ထား စဉ်းစားနေတာဖြစ်ပါတယ်။ ဆိုးရှားကတော့ အသင်းမှာ ရသလောက် ဖက်တွယ်ပြီး သူ့ရဲ့ကာလကို သက်တမ်းရှည်အောင် နေလိမ့်မယ်လို့ ပေါလ်မာဆန်က ဆိုခဲ့တယ်။

ပေါလ်မာဆန်ကတော့ ” လူတွေက မန်ချက်စတာ ယူနိုက်တက်ကနေ ဆိုးရှား ထွက်ခွာသင့်တယ်လို့ ပြောကြတယ်။ သူက ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အလုပ်။ ကမ္ဘာ့အကြီးမားဆုံး ကလပ်တစ်ခုရဲ့ မန်နေဂျာဖြစ်ရင် ဒီအလုပ်က နောက်ထပ် ဘယ်တော့မှ ထပ်ရလာမှာ မဟုတ်ဘူး။
ဆိုးရှားကို လူချင်း ကျွန်တော် သိပ်မသိဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့မှာ သူ့ကို တကယ် စာနာခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက လူကောင်းတစ်ယောက်ဆိုတာ သိကြတယ်။ မန်နေဂျာတချို့ ဒီလိုရှုံးသွားရင် ဘာမှ ထူးထူးခြားခြား မဖြစ်ပေမယ့် ဆိုးရှားကတော့ သိပ်ကို ကောင်းတယ်။
ပွဲအပြီးမှာတောင် သူ လူရှေ့ထွက်လာခဲ့တယ်၊ အသင်းအတွက် တာဝန်ယူခဲ့တယ်။ သူက အံ့ဩစရာကောင်းခဲ့တယ်လို့ မင်းတွေးမိလိမ့်မယ်။ ဘာလို့လဲဆိုတော့ တခြားနည်းပြများစွာဆိုရင် သူတို့ရဲ့ ကစားသမားတွေကို အပြစ်ပုံချလိမ့်မယ်။
ယူနိုက်တက်က ဆာအဲလက်စ် ဖာဂူဆန် ဒါမှမဟုတ် မော်ရင်ညိုလက်အောက်မှာ ၅ ဂိုးပြတ် ရှုံးခဲ့ရင်ဖြစ်ဖြစ် ကလော့ပ်လက်အောက် လီဗာပူးအသင်း ရှုံးခဲ့တာပဲဖြစ်ဖြစ် တွေးကြည့်လိုက်ပါ။ အဲ့ဒီ့နည်းပြတွေအားလုံး အမျက်ချောင်းချောင်း ထွက်နေလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သိပ်ကို ကောင်းလွန်းနေတာက ကစားသမားတွေအတွက် အဆင်ပြေစေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။