ညှိရခက်နေတဲ့ အူဘာမီးယန်း၊ ဖိုဖာနာ သဘောတူညီမှုရခြင်း၊ ဒီဂျောင်၊ ဂေါ်ဒွန်တို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ စုစည်းမှု
ချဲလ်ဆီးအသင်းဟာ လက်စတာ ခံစစ်မှုး ဖိုဖာနာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ပြောင်းရွှေ့ကြေးက ဆုကြေးတွေ အပါအဝင် ပေါင် ၇၅ သန်း ဖြစ်ပြီး မနေ့က လက်စတာ ဘက်က သဘောတူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာ ကွင်းလယ် ဖရန်ကီ ဒီဂျောင် ကို မန်ယူ၊ လီဗာပူး နဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဒီဂျောင် ကတော့ လစာကို လျှော့ယူပြီး ဘာစီလိုနာ အသင်းမှာ ဆက်နေဖို့အတွက် ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နယူးကာဆယ် အသင်းက ချဲလ်ဆီး အသင်းမှာ အံဝင်ခွင်ကျ ဖြစ်ဖို့ ရုန်းကန်နေရတဲ့ ကော်နော ဂယ်လဟာ ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။
ဘာစီလိုနာ အသင်းနဲ့ ချဲလ်ဆီး အသင်းတို့က အူဘာမီယန်း အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီချက်ရသွားပြီ ဖြစ်ပေမယ့် ချဲလ်ဆီးက ၁ နှစ်စာချုပ်သာ ကမ်းလှမ်းတာကြောင့် အူဘာက လက်မခံနိူင်ဖြစ်နေပါတယ်။ ဒါကို အခွင့်ကောင်း ယူပြီး မန်ယူအသင်းက အပြောင်းအရွှေ့ မပိတ်ခင် အူဘာမီယန်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။

ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး အန်တိုနီ ဂေါ်ဒွန်နဲ့ပတ်သက်လို့တော့ အယ်ဗာတန်နည်းပြ ဖရန့် လမ်းပတ်က အခုလိုပဲ ပြောလာခဲ့ပါတယ်။
“အသင်းလူစာရင်းက ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ နားလည်လက်ခံနိုင်မဲ့အချိန်က ရောက်လာတော့မှာပါ။ အထူးသဖြင့် အန်တိုနီနဲ့ ပတ်သက်လို့ပေါ့။ ဒါပေမဲ့လည်း အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ အနီးစပ်ဆုံးနေရာမှာ ရှိနေတယ်ဆိုတာတော့ အားလုံး နားလည်မယ်ထင်ကြပါတယ်။” ဆိုပြီး လမ်းပတ်က ဆိုပါတယ်။