ဖာနန်ဒက်စ် ဂိုးနဲ့ နိုင်ပွဲ ဆက်ခြင်း၊ အန်တိုနီ၊ ဒီဂျောင်အတွက် ပြိုင်ဘက်နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည ပရီးမီးယားလိဂ် ပွဲမှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ရင်ဆိုင်ပြီး ဘရူနို ဖာနန်ဒက်စ် သွင်းဂိုးနဲ့ အတူ ၁-ဝ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မန်ယူက ၂ပွဲဆက် အနိုင်ရလဒ်ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီညပွဲမှာ ယူနိုက်တက်ကတော့ လီဗာပူးကိုနိုင်တဲ့လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ရော်နယ်ဒို၊ ကက်စ်မဲရိုး၊ မက်ဂွဲရားတို့က အရံခုံမှာပဲရှိခဲ့ပါတယ်။ တိုက်စစ်ပိုင်း ထက်မြက်မှုက လီဗာပူးနဲ့ပွဲကလောက် မကောင်းခဲ့ဘဲ ရပ်ရှ်ဖို့ဒ်၊ အီလန်ဂါ၊ ဆန်ချိုတို့ သုံးယောက်လုံး ကျေနပ်စရာပုံစံမျိုးကို မပြသနိုင်ခဲ့ပါဘူး။

အေဂျက် အသင်းက အန်တိုနီ ကတော့ သူက မန်ယူသင်းကို ပြောင်းရွှေ့လိုတာကြောင့် ကလပ်နဲ့ စကားပြောဖို့အတွက် ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီ ကစားသမား အတွက် ၂ ဖက်က သဘောတူညီချက် မရသေးသလို ကစားသမားက အေးဂျက် နဲ့ ထရိန်နင်ဆင်းဖို့ ငြင်းဆန်ထားပါတယ်။

မန်ယူအသင်းနဲ့ သတင်းတွေ ထွက်နေပေမဲ့လည်း နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဟာ အသင်းပြောင်းရွှေ့မှာ မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူက ပြောပါတယ်။

မန်ယူ လက်မလျှော့သေးတဲ့ ကွင်းလယ်ပစ်မှတ် ဒီဂျောင် ကို လီဗာပူးကလည်း ဈေးကွက်မပိတ်ခင် အမှီ ခေါ်ယူဖို့ လှုပ်ရှားလာပါတယ်။ ဒီဂျောင်ကတော့ ဘာစီလိုနာမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ထားဆဲပါ။

“ကျွန်တော့် ကစားသမားအတွက် ဆွေးနွေးနေတာရော၊ အလဲအထပ်အတွက် စကားပြောနေတာရော မရှိပါဘူး။ အိုဆီမန်ဟာ နာပိုလီ ကစားသမားပါ။ သူဟာ နာပိုလီအသင်းနဲ့အတူ ချန်ပီယံလိဂ် ကစားချင်နေပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာ ကစားရတာကို ဂုဏ်ယူနေပါတယ်။” လို့ အေးဂျင့် ရော်ဘတ်တို ကာလန်ဒါက ဆိုပါတယ်။

ဆဲလ်တစ်အသင်းရဲ့ ကွင်းလယ်ကစားသမား မတ် အို ရိုင်လေကို ဒေါ့မွန်၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်ယူအသင်းတို့အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။ အသက် ၂၁ နှစ်သားဟာ ကွင်းလယ်ခံစစ်၊ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ်တို့မှာ ကစားနိုင်ပြီး အလားအလာကောင်းတွေ ပြသနေသူပါ။

ဂိုးသမားဖြစ်သူ မာတင် ဒူဘရက်ဗ်ကာဟာ နယူးကာဆယ်အသင်းကနေ ထွက်ခွာလိုနေပြီး မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် ကလပ်အသင်းနှစ်သင်းကြား ညှိနှိုင်းဖို့သာ ကျန်ရှိတော့ပြီး မန်ယူအသင်းအနေနဲ့ ပေါင် ၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ တရာသီအငှားနဲ့ ချဉ်းကပ်နေတာပါ။