ချိုမြိန်တဲ့ နိုင်ပွဲ ဆိုတဲ့ တိုက်စစ်မှုး စတာလင်၊ ဆေးစစ်တော့မယ့် ဖိုဖာနာ၊ ချာလိုဘတ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ စုစည်းမှု

လက်စတာနဲ့ ပွဲမှာ ၂ဝါ ၁နီနဲ့ ထုတ်ပယ်ခံရတဲ့ ဂလယ်ဟာနဲ့ ပတ်သတ်ပြီး နည်းပြ တူချယ်က ကစားသမားက သူ့အမှားသူ သဘောပေါက်ကြောင်းနဲ့ အဝါကတ် ၁ကြိမ် စောစောထိထားချိန်မှာ နောက်ထပ် ခပ်ကြမ်းကြမ်း ဖြတ်ထုတ်မှု လုပ်တာက မိုက်မဲရာကျကြောင်း ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ၂ဂိုးလုံးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှုး စတာလင်နဲ့ ပတ်သတ်လို့တော့ တူချယ်က ကျေနပ် အားရနေပြီး အသင်း လိုအပ်ချိန်မှာ ရှေ့ထွက် ကူညီနိုင်သူ အဖြစ် ချီးကျူးစကား ဆိုခဲ့ပါတယ်။

စတာလင်ကလည်း လက်စတာကို နိုင်တဲ့ ပွဲက အရေးကြီးပြီး ပြီးခဲ့တဲ့အပတ် ရှုံးပွဲကနေ နိုးထပြနိုင်ဖို့ လိုအပ်ခဲ့တယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။ ချဲလ်ဆီးက ၁ဝ ယောက်တည်းနဲ့ ကစားခဲ့ပေမယ့် နိုင်လိုစိတ်ကို ပြသခဲ့ပြီး စည်းလုံးခဲ့ကြတာကြောင့် သိပ်ကိုချိုမြိန်တဲ့ နိုင်ပွဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်စတာ စီးတီး ဟာ ဝီစလေ ဖိုဖာနာ အတွက် ချဲလ်ဆီး ရဲ့ ယူရို ၈၂.၆ သန်း + အပိုဆုကြေးနဲ့ ကမ်းလှမ်းမှု ကို လက်ခံ လိုက်ပါပြီ။ ဒါကြောင့် ဖိုဖာနာ ဟာ ချဲလ်ဆီး အသင်းဆီ ၆ နှစ် စာချုပ်နဲ့ အမြန်ဆုံး ပြောင်းရွှေ့ဖို့ လုပ်ဆောင် သွားတော့မှာပါ။

ဖိုဖာနာ ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ပြင်သစ် ကလပ် စိန့် အက်တီယန်နီ ကလည်း ပြောင်းရွှေ့ကြေးရဲ့ ၂၀% ကို အကျိုးအမြတ် အဖြစ် ရရှိဦးမယ်လို့ သိရပါတယ်။

ဖိုဖာနာဟာ ဒီနေ့မှာဘဲ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှု ပြုလုပ်ဖို့ စီစဉ်ထားပြီး အသေးစိတ် အချက်အလက်တွေဟာ မကြာခင် နာရီပိုင်းအတွင်း အပြီးသတ်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လူငယ်နောက်ခံကစားသမား ချာလိုဘတ် က အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၂၃ နှစ်သားလေးကို ပရီးမီးယားလိဂ်ကလပ် အသင်းတွေနဲ့ ဘွန်ဒက်လီဂါကလပ်အသင်းတွေအပါအဝင် ဥရောပကလပ်အသင်းအများစုက စိတ်ဝင်စားနေကြပါတယ်။