ရန်းနစ်ကြောင့် ဒိုလေးကို မခေါ်တဲ့ တူချယ်၊ ဇာဟာ ကို ချိန်လာခြင်း၊ အငှားထွက် အိုဒွိုင်းနဲ့ ယနေ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ချဲလ်ဆီးအသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား ကယ်လန် ဟက်ဒ်ဆန်- အိုဒွိုင်းဟာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင် အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ပါတော့မယ်။ အိုဒွိုင်းက တရာသီအငှား ထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်တော့ မပါပါဘူး။ မ
ချဲလ်ဆီးဟာ ဘာစီလိုနာ တိုက်စစ် ကစားသမား အူဘာမီယန်းကို ခေါ်ယူရန် ကြန့်ကြာနေမှုကြောင့် ခရစ္စတယ်ပဲလေ့စ်ရဲ့ အဓိက ကစားသမား ဇာဟာကိုသာ ပြောင်းလဲ စိတ်ဝင်စားလာခဲ့ပြီး ဈေးကွက်မပိတ်ခင်လေးမှာ နောက်ကျ ကမ်းလှမ်းမှု တစ်ခု လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်ဟာ စီ ရော်နယ်ဒို ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ယခင် မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်နဲ့ စကားပြောဆို အပြီးမှာ ပေါ်တူဂီသားကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒို က ဖိအားပေး မကစားနိုင်တာကြောင့် သူ့စနစ်နဲ့ အံမဝင်ခဲ့ကြောင်း ရန်းနစ်က ပြောဆိုခဲ့တာပါ။
ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူးလ်အသင်းတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖရန်ကီ ဒီဂျောင် ဟာ ဒီနေ့မှာပဲ လန်ဒန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ မသက်ဆိုင်ဘဲ ဗန်ဒီဘိခ် မင်္ဂလာဆောင် တက်ရောက်ဖို့ လို့ စပိန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချဲလ်ဆီး အသင်းက သူတို့ နောက်တန်း ကစားသမားဖြစ်တဲ့ ချာလိုဘတ် ကို အသင်းကနေ ထွက်ခွာစေဖို့ အစီအစဉ် မရှိပါဘူး။ ကစားသမားက ပွဲထွက်ခွင့် ရဖို့ အငှားသွားကစားချင်ပေမယ့် ချဲလ်ဆီးက သဘောမတူတာ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်နေတဲ့ အဲဗာတန် ကစားသမား ဂေါ်ဒွန်နဲ့ ပတ်သက်ပြီး နည်းပြ လမ်းပတ်ကတော့ လက်ရှိမှာ ပြောရခက်ခဲကြောင်း၊ သူ့ကို ခေါ်ယူချင်တဲ့ ကလပ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် သတ်မှတ် ထားတဲ့ တန်ကြေးပေးပြီး ခေါ်ယူဖို့ လိုအပ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။
ချဲလ်ဆီး လူငယ်လေး အီသန် အမ်ပါဒူ ကိုတော့ အီတလီ ကလပ် စပီဇီယာ အသင်းက အငှား + ယူရို ၁၅ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် တို့နဲ့ ခေါ်ယူ နိုင်ဖို့ နီးစပ်မှု ရှိနေပြီလို့ သိရပါတယ်။