ကွင်းထဲက ခြေစွမ်းကိုပဲ ပြော၊ ကွင်းပြင်က ကိစ္စတွေ လိုက် မဝေဖန်ကြနဲ့လို့ ပြောလိုက်တဲ့ နေမာ

ပီအက်စ်ဂျီ တိုက်စစ်သမား နေမာက သူ့ရဲ့ ကွင်းပြင်ပနေထိုင်မှုပုံစံတွေကို ဝေဖန်မှုတွေရှိနေတဲ့အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်သွားခဲ့ပါတယ်။

နေမာဟာ ထွန်းတောက်လာမယ့် ဘောလုံးလောကရဲ့ ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရပေမယ့် သူ့ရဲ့ ကွင်းပြင်ပနေထိုင်မှုတွေကြောင့် ကစားသမားဘဝမှာ ထိုက်သင့်သလောက် မအောင်မြင်ခဲ့ဘူးလို့ ဝေဖန်မှုတွေရှိနေတာပါ။

နေမာက ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ဘောလုံးရာသီတစ်လျှောက် PSG အတွက် အရေးပါတဲ့အချိန်တွေကို ဒဏ်ရာပြဿနာကြောင့် မကြာခဏ လွဲချော်လေ့ရှိပါတယ်။ ဒါပေမယ့် နေမာကတော့ သူ့ရဲ့ ပုံစံကို ပြုပြင်သွားဖို့မရှိဘဲ ဝေဖန်မှုတွေကို အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

နေမာက “ကျွန်တော်သာ သေချာဦးတည်ချက်မထားခဲ့ရင် ထိပ်တန်းအဆင့်ကို ရောက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် အဆင်ပြေတဲ့အချိန်တွေ၊ အားလပ်တဲ့အချိန်တွေဆိုရင် အပြင်ထွက်ပါတယ်။ ဒါ ဘာပြဿနာမှ မရှိပါဘူး။ သူတို့အနေနဲ့ ကျွန်တော့်ကို ကွင်းထဲမှာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်”

“ဒါပေမယ့် ကျွန်တော့်ဘဝကတော့ ကျွန်တော့်ကိုယ်ပိုင်ပါ။ ဘယ်သူမှဝေဖန်ခွင့်မရှိပါဘူး။ ကျွန်တော်က လွတ်လွတ်လပ်လပ်ပဲ နေချင်တာပါ။ တကယ်လို့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုပိုင်းကိုသာ ဂရုမစိုက်ခဲ့ဘူးဆိုရင် အခုလို အဆင့်မျိုးမှာလည်း ရှိနေမှာမဟုတ်ပါဘူး။ ဒီလို ဝေဖန်မှုတွေက ကျွန်တော့်ကို စိတ်တိုစေပါတယ်”

“ကျွန်တော် ဘောလုံးကို ချစ်မြတ်နိုးတယ်၊ ဘောလုံးကစားရတာက ကျွန်တော့်ဘဝရဲ့ သဘောအကျဆုံး အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်က အစစ်မှန်ဆုံးနဲ့ အမှန်ကန်ဆုံး ကစားသမားတစ်ယောက်အဖြစ် သတိတရဖြစ်ခံချင်တာပါ။ ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ZG

ပီအက္စ္ဂ်ီ တိုက္စစ္သမား ေနမာက သူ႔ရဲ႕ ကြင္းျပင္ပေနထိုင္မႈပုံစံေတြကို ေဝဖန္မႈေတြရွိေနတဲ့အေပၚ ျပတ္ျပတ္သားသား တုံ႔ျပန္သြားခဲ့ပါတယ္။

ေနမာဟာ ထြန္းေတာက္လာမယ့္ ေဘာလုံးေလာကရဲ႕ ၾကယ္တစ္ပြင့္အျဖစ္ သတ္မွတ္ခံထားရေပမယ့္ သူ႔ရဲ႕ ကြင္းျပင္ပေနထိုင္မႈေတြေၾကာင့္ ကစားသမားဘဝမွာ ထိုက္သင့္သေလာက္ မေအာင္ျမင္ခဲ့ဘူးလို႔ ေဝဖန္မႈေတြရွိေနတာပါ။

ေနမာက ဒဏ္ရာျပႆနာေတြနဲ႔ မၾကာခဏ ရင္ဆိုင္ခဲ့ရၿပီး အထူးသျဖင့္ ေဘာလုံးရာသီတစ္ေလွ်ာက္ PSG အတြက္ အေရးပါတဲ့အခ်ိန္ေတြကို ဒဏ္ရာျပႆနာေၾကာင့္ မၾကာခဏ လြဲေခ်ာ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ေနမာကေတာ့ သူ႔ရဲ႕ ပုံစံကို ျပဳျပင္သြားဖို႔မရွိဘဲ ေဝဖန္မႈေတြကို အခုလိုပဲ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ေနမာက “ကြၽန္ေတာ္သာ ေသခ်ာဦးတည္ခ်က္မထားခဲ့ရင္ ထိပ္တန္းအဆင့္ကို ေရာက္ႏိုင္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ အဆင္ေျပတဲ့အခ်ိန္ေတြ၊ အားလပ္တဲ့အခ်ိန္ေတြဆိုရင္ အျပင္ထြက္ပါတယ္။ ဒါ ဘာျပႆနာမွ မရွိပါဘူး။ သူတို႔အေနနဲ႔ ကြၽန္ေတာ့္ကို ကြင္းထဲမွာ ေဝဖန္ပိုင္ခြင့္ရွိပါတယ္”

“ဒါေပမယ့္ ကြၽန္ေတာ့္ဘဝကေတာ့ ကြၽန္ေတာ့္ကိုယ္ပိုင္ပါ။ ဘယ္သူမွေဝဖန္ခြင့္မရွိပါဘူး။ ကြၽန္ေတာ္က လြတ္လြတ္လပ္လပ္ပဲ ေနခ်င္တာပါ။ တကယ္လို႔ ကြၽန္ေတာ့္ရဲ႕ ႀကံ့ခိုင္မႈပိုင္းကိုသာ ဂ႐ုမစိုက္ခဲ့ဘူးဆိုရင္ အခုလို အဆင့္မ်ိဳးမွာလည္း ရွိေနမွာမဟုတ္ပါဘူး။ ဒီလို ေဝဖန္မႈေတြက ကြၽန္ေတာ့္ကို စိတ္တိုေစပါတယ္”

“ကြၽန္ေတာ္ ေဘာလုံးကို ခ်စ္ျမတ္ႏိုးတယ္၊ ေဘာလုံးကစားရတာက ကြၽန္ေတာ့္ဘဝရဲ႕ သေဘာအက်ဆုံး အစိတ္အပိုင္းတစ္ခုပါ။ ကြၽန္ေတာ္က အစစ္မွန္ဆုံးနဲ႔ အမွန္ကန္ဆုံး ကစားသမားတစ္ေယာက္အျဖစ္ သတိတရျဖစ္ခံခ်င္တာပါ။ ဘာကိုမွ ဖုံးကြယ္ထားမွာ မဟုတ္ပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။