မန်ယူနဲ့ ပွဲအတွက် လောင်းကြေးထပ်ကြမှု၊ ဆန္ဒပြည့်သွားတဲ့ ဘယ်လာရင်၊ နိုင်းစ် တို့နဲ့ ယနေ့ညပိုင်း အာဆင်နယ် သတင်းများ
ဆောက်သမ်တန်အသင်းဟာ အာဆင်နယ်နောက်ခံလူ မစ်လန်းနိုင်းစ်ကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။
အာဆင်နယ် အသင်း က လာမယ့် ဆန်းဒေးကျရင် အိုးထရက်ဖိုဒ့်ကို ခရီးသွားပြီးတော့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ထိုပွဲမှာ အာဆင်နယ် အသင်းအနေနဲ့ ၆ ပွဲ ဆက်တိုက် အနိူင် ရရှိဖို့အတွက် ပြင်ဆင်မှာဖြစ်ပါတယ်။

ဒီအပတ် မန်ယူ အာဆင်နယ် ပွဲမတိုင်ခင်မှာ မန်ယူနောက်တန်း ကစားသမားဖြစ်တဲ့ ဂယ်ရီနီဗီးလ် နဲ့ အာဆင်နယ် ပရိတ်သတ် တီဗီ တင်ဆက်သူ ပီရက်စ် မော်ဂန်တို့ တွစ်တာကနေ တစ်ဆင့် ကလိကြ ရိကြရင်းနဲ့ ပေါင် ၁၀၀၀ ကြေး အလောင်းအစား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကတော့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အားနည်းချက်တွေရှိနေတဲ့ ကွင်းလယ်ပိုင်းကို ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ဗီလာကွင်းလယ်လူ ဒေါက်ကလပ် ကော်စတာကို ကြိုးပမ်းခဲ့ပေမဲ့ ဗီလာဘက်က ဈေးကွက်ပိတ်သိမ်းခါနီးမှာ သူတို့ရဲ့ ကစားသမားကို ရောင်းချလိုခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် တိုက်စစ်မှုးဟောင်း အူဘာမီးယန်းဟာ မနေ့ကပဲ ဘာစီလိုနာကနေ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့လာတာကြောင့် လန်ဒန်သို့ ပြန်ရောက်လာခဲ့ပါပြီ။ ဂါဘွန်သားက ပရီးမီးယားလိဂ်မှာ မပြီးသေးတဲ့ လုပ်ငန်း ဆောင်တာတွေ ရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ စပိန်မြေသို့ ပြန်ချင်နေတဲ့ ဘယ်လာရင် အတွက်တော့ ဆန္ဒ ပြည့်ဝ သွားခဲ့တာပါ။
အာဆင်နယ်နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဝီလီယံ ကလည်း အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။