ပရီးမီးယားလိဂ် ပွဲတိုင်းနိုင်နေတဲ့ အာဆင်နယ်ကို မန်ယူက အိုးထရက်ဖို့ဒ်မှာ ချေမှုန်းသွားနိုင်မှာလား ပွဲကြို သုံးသပ်ချက်
ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ အကြိတ်အနယ်ရှိတဲ့ ပွဲကြီးပွဲကောင်းများစွာ ရှိတဲ့အထဲ အကောင်းတကာ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲက ပရိသတ်တွေကို စောင့်ကြိုနေပါတယ်။ အဲဒီပွဲစဉ်ကတော့ စူပါဆန်းဒေးမှာ မန်ယူနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲပါ။
မန်ယူနဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာကြီးမားတဲ့ ပြိုင်ဘက်တွေဖြစ်တာနဲ့အညီ သူတို့အသင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေက ဘယ်အချိန်ကြည့်ကြည့် မရိုးသွားပါဘူး။ လက်ရှိအချိန်မှာနှစ်သင်းစလုံးက ရလဒ်ကောင်းတွေ ရယူထားခဲ့တာကြောင့် ပိုပြီး အကြိတ်အနယ်ရှိလာမှာပါ။
ပွဲအကြောင်း ပြောရရင် မန်ယူဟာ ဒီရာသီမှာအစပိုင်းမှာ ဘရိုက်တန်၊ ဘရန်ဖို့ဒ်တို့ကို အရေးနိမ့်ခဲ့ပြီး အဆိုးရွားဆုံး အခြေအနေအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြတန်ဟတ် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ် ခဲ့ပြီးနောက် မန်ယူရဲ့ အခြေအနေက ပြောင်းလဲလာခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။

မန်ယူက လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့ကို ၃ ပွဲဆက် အနိုင်ရရှိခဲ့ပြီး အဆင့် ၅ နေရာအထိ တက်လှမ်း လာခဲ့ပါတယ်။ ဒီပွဲစဉ်တွေအတွင်း မန်ယူအသင်း တိုးတက်လာတာက ခံစစ်ကြေားင်ပါ။ မက်ဂွဲရားကိုအရန်ခုံပို့ပြီး ဗာရာနီနဲ့ မာတီနက်ဇ်တို့ကို တွဲပေးထားတဲ့ ခံစစ်ကြေားင်က မာကျောကျစ်လျစ်မှု ရှိလာတာတွေ့ရပြီး နှစ်ပွဲဆက် Clean
ဒါပေမယ့် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲရခဲ့တယ်ဆိုပေမယ့် မန်ယူရဲ့ ကစားကွက်ပိင်းက လိုအပ်ချက်တွေရှိနေသေးပြီး သိပ်အားရစရာမကောင်းသေးပါဘူး။ အထူးသဖြင့် မန်ယူတိုက်စစ်မှာ ဂိုးပုံမှန်သွင်းပေမယ့် အဆုံးသတ် ကစားသမား ပျောက်ဆုံးနေပြီး ကွင်းလယ်ဖန်တီးမှုပိုင်းကလည်း အားနည်းနေသေးပါတယ်။ အန်တိုနေးကို ထည့်ကစားရင် မန်ယူတိုက်စစ် ပိုမြိုင်မှာပါ။
အာဆင်နယ်ကတော့ လက်ရှိမှာ အကောင်းဆုံးပုံစံတွေနဲ့အတူ ရှေ့ဆက်နေပြီး ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားပါတယ်။ အာတီတာရဲ့လက်အောက်မှာ ဒီရာသီမှာ အာဆင်နယ်ရဲ့ ကစားကွက်၊ ကစားပုံပိုင်းက တည်ငြိမ် လွန်းနေပါတယ်။

ဒါပေမယ့် ဒီပွဲမှာ အာဆင်နယ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာမှာက ဒဏ်ရာပြဿနာပါ။ အာဆင်နယ်ဟာ ဒီပွဲအတွက် အဓိက ကစားသမားတွေဖြစ်တဲ့ အိုဒီဂတ်၊ ရမ်ဒေးစ်၊ ဇင်ချန်ကိုတု့ိ ပါဝင်နိုင်ဖို့ မသေချာတဲ့အနေအထားပါ။ တကယ်လို့ ဇင်ချန်ကိုသာ မပါနိုင်ရင် အာဆင်နယ်ရဲ့ကွင်းလယ်ပိုင်း အခက်တွေ့နိုင်မှာပါ။
လက်ရှိမှာ မန်ယူက နိုင်ပွဲတွေရရှိပြီး ယုံကြည်မှုပိုင်း ပြန်ကောင်းလာတာ၊ အာဆင်နယ်က ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ အနေအထားတွေကို ထည့်တွက်ရင် အိုးထရက်ဖို့ဒ်မှာ သရေဆိုတာ နှစ်သင်းစလုံးအတွက် မျှတတဲ့ရလဒ် ဖြစ်မယ်လို့ ယူဆရပါတယ်။