ဘာစီလိုနာနဲ့ သတင်းထွက်တဲ့ အာတီတာ၊ ပြိုင်ဘက်မရှိ ဆာလာနဲ့ နံနက်ခင်း ဘောလုံးသတင်းများ

ယူနိုက်တက်ရဲ့ ရုန်းကန်နေရတဲ့ ကြယ်ပွင့်တွေဟာ အသင်းအတွက် အားထုတ်ပေးမှုနဲ့ စိတ်ဓာတ်ပြတ်သားမှု ကင်းမဲ့နေတယ်လို့ ဝိန်းရွန်းနီက ပြောဆိုခဲ့ပေမယ့် ရာထူးအတွက် ဖိအားဝင်နေတဲ့ ဆိုးရှားကိုတော့ ထောက်ခံအားပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြအာတီတာက ဘာစီလိုနာနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး “အာဆင်နယ်မှာ ကျွန်တော် အလွန်ပျော်ရွှင်နေပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိ အာဆင်နယ်မှာသာ ပျော်ရွှင်နေပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

ဆွစ်ဇာလန် ကြယ်ပွင့် ဇာကာရီယာဟာ မိုချင်ဂလက်ဘက်နဲ့ စာချုပ်သစ် ချုပ်ဖို့ ကြန့်ကြာနေခဲ့တဲ့နောက် သူ့ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်အတွက် အခြေအနေကို စောင့်ကြည့်နေဖို့ ဖြစ်လာပါတယ်။

စီးရီးအေထိပ်သီးကလပ် နာပိုလီနောက်ခံလူ ကူလီဘာလေဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီး ထံ ပြောင်းရွှေ့လိုနေပါတယ်။ ကူလီဘာယီအနေနဲ့ နာပိုလီကနေ ပြောင်းရွှေ့ဖို့ စီစဉ်လျက်ရှိနေပြီး သူ့ကို ဘာစီလိုနာ၊ ရီးရဲတို့ကလည်း ပစ်မှတ်ထားနေပါတယ်။

ဘိုင်ယန်ဟာ ကင်စလေ ကိုးမန်းကို ရောင်းချဖို့ ဆုံးဖြတ်ထားနဲ့အတူ ယူနိုက်တက်အနေနဲ့ နောက်နွေရာသီမှာ သူ့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်တွေ အားကောင်းလာပါတယ်။

နည်းပြအလုပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပိုတိုးလာတာကို ဖြေလျှော့ဖို့ တစ်ခုတည်းသော နည်းလမ်းက ရလဒ်ကောင်းတွေ မြန်မြန်ရယူဖို့ပဲလို့ ယူနိုက်တက်နည်းပြ ဆိုးရှားကို အာဆင်နယ်နည်းပြ အာတီတာက တိုက်တွန်း စကား ပြောဆိုခဲ့ပါတယ်။

ဒီအပတ် လီဗာပူးနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲကြိုမှာတော့ ဘရိုက်တန် မန်နေဂျာ ဂရေဂမ် ပေါ်တာက လက်ရှိ အခြေအနေမှာ လီဗာပူး တိုက်စစ်သမား ဆာလာဟာ ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်မရှိ ကစားသမားပါလို့ ချီးကျူးသွားပါတယ်။

မန်ယူကစားသမားဟောင်း ပါကားက စီရော်နယ်ဒို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း ဖာနန်ဒက်စ်ဟာ ကန့်သတ်ခံလိုက်ရသလိုဖြစ်ခဲ့ကြောင်း၊ မိမိအတွက်တော့ မန်ယူရဲ့အဓိက ကစားသမားဟာ ဖာနန်ဒက်စ်သာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ZG

ယူႏိုက္တက္ရဲ႕ ႐ုန္းကန္ေနရတဲ့ ၾကယ္ပြင့္ေတြဟာ အသင္းအတြက္ အားထုတ္ေပးမႈနဲ႔ စိတ္ဓာတ္ျပတ္သားမႈ ကင္းမဲ့ေနတယ္လို႔ ဝိန္း႐ြန္းနီက ေျပာဆိုခဲ့ေပမယ့္ ရာထူးအတြက္ ဖိအားဝင္ေနတဲ့ ဆိုးရွားကိုေတာ့ ေထာက္ခံအားေပးခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နည္းျပအာတီတာက ဘာစီလုိနာနဲ႔ ထြက္ေပၚေနတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး “အာဆင္နယ္မွာ ကၽြန္ေတာ္ အလြန္ေပ်ာ္ရႊင္ေနပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ လက္ရွိ အာဆင္နယ္မွာသာ ေပ်ာ္ရႊင္ေနပါတယ္”လို႔ ဖြင့္ဟခဲ့ပါတယ္။

ဆြစ္ဇာလန္ ၾကယ္ပြင့္ ဇာကာရီယာဟာ မိုခ်င္ဂလက္ဘက္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ၾကန႔္ၾကာေနခဲ့တဲ့ေနာက္ သူ႔ကို စိတ္ဝင္စားေနတဲ့ အာဆင္နယ္အတြက္ အေျခအေနကို ေစာင့္ၾကည့္ေနဖို႔ ျဖစ္လာပါတယ္။

စီးရီးေအထိပ္သီးကလပ္ နာပိုလီေနာက္ခံလူ ကူလီဘာေလဟာ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီး ထံ ေျပာငး္ေရႊ႕လုိေနပါတယ္။ ကူလီဘာယီအေနနဲ႔ နာပိုလီကေန ေျပာင္းေရႊ႕ဖုိ႔ စီစဥ္လ်က္ရွိေနၿပီး သူ႔ကို ဘာစီလိုနာ၊ ရီးရဲတုိ႔ကလည္း ပစ္မွတ္ထားေနပါတယ္။

ဘိုင္ယန္ဟာ ကင္စေလ ကိုးမန္းကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားနဲ႔အတူ ယူႏိုက္တက္အေနနဲ႔ ေနာက္ေႏြရာသီမွာ သူ႔ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ အားေကာင္းလာပါတယ္။

နည္းျပအလုပ္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ပိုတိုးလာတာကို ေျဖေလွ်ာ့ဖို႔ တစ္ခုတည္းေသာ နည္းလမ္းက ရလဒ္ေကာင္းေတြ ျမန္ျမန္ရယူဖို႔ပဲလို႔ ယူႏိုက္တက္နည္းျပ ဆိုးရွားကို အာဆင္နယ္နည္းျပ အာတီတာက တိုက္တြန္း စကား ေျပာဆိုခဲ့ပါတယ္။

ဒီအပတ္ လီဗာပူးနဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲႀကိဳမွာေတာ့ ဘ႐ိုက္တန္ မန္ေနဂ်ာ ဂေရဂမ္ ေပၚတာက လက္ရွိ အေျခအေနမွာ လီဗာပူး တိုက္စစ္သမား ဆာလာဟာ ဒီကမာၻေပၚမွာ ၿပိဳင္ဘက္မရွိ ကစားသမားပါလို႔ ခ်ီးက်ဴးသြားပါတယ္။

မန္ယူကစားသမားေဟာင္း ပါကားက စီေရာ္နယ္ဒို ျပန္လည္ေရာက္ရွိလာၿပီးေနာက္ပိုင္း ဖာနန္ဒက္စ္ဟာ ကန္႔သတ္ခံလိုက္ရသလိုျဖစ္ခဲ့ေၾကာငး္၊ မိမိအတြက္ေတာ့ မန္ယူရဲ႕အဓိက ကစားသမားဟာ ဖာနန္ဒက္စ္သာ ျဖစ္ေၾကာငး္ ဆုိခဲ့ပါတယ္။