ဂျေးဆု ဂိုး ၂ဝ မသွင်းနိုင်ဘူး ဆိုသူ၊ ဆာလီဘာ ကို နှိမ့်ချလိုက်တဲ့ ဖာဒီနန်၊ လွဲခဲ့ရတဲ့ ဖာရန် တောရက်စ် နဲ့ ယနေ့ အာဆင်နယ် သတင်းများ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ကတော့ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဆာလီဘာ ရဲ့ခြေစွမ်းကို အရမ်းကြီး hype မနေကြဖို့ သတိပေးလိုက်ပြီး အသက် ၂၁ နှစ် အရွယ်မှာ ဆာလီဘာ ထက် ပိုကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ခံလူ ၄ ဦး အထိ ရှိကြောင်း ပြောကြား လိုက်ပါတယ်။

ဖာဒီနန် ရည်ညွှန်းခဲ့တာက ဂျိုနသန် ဝုဒ်ဂိတ်၊ ဆိုးလ်ကမ်းဘဲလ်၊ ဂျွန်တယ်ရီ၊ ဝက်စ်ဘရောင်း တို့ ဖြစ်ပါတယ်။ ဆာလီဘာ ဟာ ဒီရာသီ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၆ ပွဲဆက် ပွဲထွက် ကစားခွင့် ရထားပြီး သွင်းဂိုး ၁ ဂိုး နဲ့ Clean-Sheet ၂ ပွဲ ရထားပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖြစ်သူ ဟယ်ဆယ်ဘိန့်က ဂျေးဆုဟာ အာဆင်နယ်အတွက် တစ်ရာသီ အတွင်း သွင်းဂိုး ၂ဝ လောက် သွင်းပေးနိုင်မယ့် တိုက်စစ်မှူးမဟုတ်ဘူလို့ ဆိုလာခဲ့ပါတယ်။ ဂျေးဆုဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ် ခြောက်ပွဲကစားပြီးချိန်မှာ ၃ဂိုးသွင်း၊ ၃ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်လေးမှာ ဘာစီလိုနာမှ ဖာရန်တောရက်စ် ကို ခေါ်ယူဖို့ ယူရို သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့သေးပြီး နည်းပြဇာဗီက ပယ်ချခဲ့တယ် လို့ သိရပါတယ်။

အင်္ဂလန်နဲ့ စပါး တိုက်စစ်မှုးဟောင်း ဂျာမိန်း ဒီဖိုးကတော့ ဒီတလော အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ခြေစွမ်းတက်လာတဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကို ရာသီကုန်ရင် ထိပ်ဆုံး လေးသင်းထဲ ပါဝင်မယ် မထင်ကြောင်း သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ စမစ်ရိုက ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ယူနိုက်တက် အသင်းကို အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် အသေးစားဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ပါတယ်။