မန်ယူခြေစွမ်းထက် ပြုတ်ခါနီး ဆိုးရှား အစွမ်းကို စိုးရိမ်နေကြတဲ့ စပါးအသင်းသားများ

ဒီ စနေညမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲက ထင်တာထက် အန္တရာယ် များတယ်လို့ အသင်းဖော်တွေကို စပါး တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာက သတိပေးပြောကြားလိုက်ပါတယ်။

စပါးနဲ့ မန်ယူနိုက်တက်တို့ လာမယ့် စနေည (၁၁) နာရီ၊ စပါးအိမ်ကွင်းမှာ ရင်ဆိုင်ကြမှာဖြစ်ပြီး မန်ယူအသင်း အတွက် မဖြစ်မနေ နိုင်ပွဲလိုအပ်နေတဲ့ပွဲပါ။

မန်ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂) ပွဲဆက်တိုက် လက်စတာ၊ လီဗာပူးတို့ကို အဝေးကွင်းမှာ ဂိုးပြတ်တွေချည်း ရှုံးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့် စပါးနဲ့ပွဲက မန်ယူနည်းပြ ဆိုးလ်ရှားအတွက်က အခွင့်အရေး ပေးခံရထားရတဲ့ နောက်ဆုံးပွဲတောင် ဖြစ်လာနိုင်ပါတယ်။

လူးကပ်စ်မော်ရာက “မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရတာက အမြဲတမ်း အန္တရာယ်များပါတယ်။ သူတို့က နိုင်ပွဲကို ဆာလောင်နေမှာပါ။ ဘာလို့လဲဆိုတော့ လီဗာပူးနဲ့ပွဲကြောင့်ပါ။ ကျွန်တော်တို့ကလည်း ဝက်စ်ဟမ်းကို ရှုံးထားတော့ ဒီပွဲကို နိုင်ချင်ပါတယ်”

“မန်ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေရှိတယ်၊ အတွေ့အကြုံကောင်းတယ်၊ ဆိုးရွားတဲ့ အခိုက်အတန့် ဘယ်လို ကျော်ဖြတ်ရမလဲ သိကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုအခြေအနေရှိရှိ ကျွန်တော်တို့ ကိစ္စတော့ မဟုတ်ပါဘူး”

“ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ လိုအပ်ပြီး (၃) မှတ်ရဖို့ ကြိုးစားရမှာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။

ZG

ဒီ စေနညမွာ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ရင္ဆိုင္ရမယ့္ပြဲက ထင္တာထက္ အႏၲရာယ္ မ်ားတယ္လို႔ အသင္းေဖာ္ေတြကို စပါး တိုက္စစ္ကစားသမား လူးကပ္စ္ေမာ္ရာက သတိေပးေျပာၾကားလိုက္ပါတယ္။

စပါးနဲ႔ မန္ယူႏိုက္တက္တို႔ လာမယ့္ စေနည (၁၁) နာရီ၊ စပါးအိမ္ကြင္းမွာ ရင္ဆိုင္ၾကမွာျဖစ္ၿပီး မန္ယူအသင္း အတြက္ မျဖစ္မေန ႏိုင္ပြဲလိုအပ္ေနတဲ့ပြဲပါ။

မန္ယူႏိုက္တက္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၂) ပြဲဆက္တိုက္ လက္စတာ၊ လီဗာပူးတို႔ကို အေဝးကြင္းမွာ ဂိုးျပတ္ေတြခ်ည္း ရႈံးနိမ့္ခဲ့တာပါ။ အဲ့ဒါေၾကာင့္ စပါးနဲ႔ပြဲက မန္ယူနည္းျပ ဆိုးလ္ရွားအတြက္က အခြင့္အေရး ေပးခံရထားရတဲ့ ေနာက္ဆုံးပြဲေတာင္ ျဖစ္လာႏိုင္ပါတယ္။

လူးကပ္စ္ေမာ္ရာက “မန္ယူႏိုက္တက္နဲ႔ ရင္ဆိုင္ရတာက အၿမဲတမ္း အႏၲရာယ္မ်ားပါတယ္။ သူတို႔က ႏိုင္ပြဲကို ဆာေလာင္ေနမွာပါ။ ဘာလို႔လဲဆိုေတာ့ လီဗာပူးနဲ႔ပြဲေၾကာင့္ပါ။ ကြၽန္ေတာ္တို႔ကလည္း ဝက္စ္ဟမ္းကို ရႈံးထားေတာ့ ဒီပြဲကို ႏိုင္ခ်င္ပါတယ္”

“မန္ယူႏိုက္တက္မွာ အရမ္းေကာင္းတဲ့ ကစားသမားေတြရွိတယ္၊ အေတြ႕အႀကဳံေကာင္းတယ္၊ ဆိုး႐ြားတဲ့ အခိုက္အတန္႔ ဘယ္လို ေက်ာ္ျဖတ္ရမလဲ သိၾကပါတယ္။ ဒါေပမယ့္ သူတို႔ ဘယ္လိုအေျခအေနရွိရွိ ကြၽန္ေတာ္တို႔ ကိစၥေတာ့ မဟုတ္ပါဘူး”

“ကိုယ့္ရဲ႕အေကာင္းဆုံးပုံစံကို ျပသႏိုင္ဖို႔ လိုအပ္ၿပီး (၃) မွတ္ရဖို႔ ႀကိဳးစားရမွာပါ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။