ဒိုလေးနဲ့ မက်ဂွဲရားကို ပွဲထွက်စာရင်းမှာ ထည့်မှ ရှုံးပွဲ တွေ့ရပြန်တဲ့ မန်ချက်စတာ ယူနိုက်တက်

ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဆိုစီဒက်ကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

နည်းပြ တန်ဟက် ရဲ့ မန်ချက်စတာ ယူနိုက်တက် က အိမ်ကွင်းမှာ ရော်နယ်ဒို၊ မက်ဂွိုင်းရား၊ ကက်စ်မဲရိုး၊ ဖရက်ဒ်၊ အန်တိုနီနဲ့ ဒီဂီယာတို့ကို ပွဲထုတ်ခဲ့ပေမယ့် ဆိုစီဒက်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီပွဲမှာ မန် ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကို အနားပေးခဲ့ပြီး ဒုတိယပိုင်း မှာတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ လီဆန်ဒရိုတို့ လူစားဝင်ကစားခဲ့ပါတယ်။ ယူနိုက်တက် ပေးလိုက်ရတဲ့ပင်နယ်တီကတော့ အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။

ဒေးဗစ်ဆေးလ်ဗားရဲ့ကန်ချက်ကို လီဆန်ဒရိုမာတီနက်ဇ် တားဆီးတဲ့နေရာမှာ လက်နဲ့ထိတယ်ဆိုပြီး အဝါကတ်ပြခဲ့သလို ပင်နယ်တီပါ ပေးလိုက်ရတာပါ။

ပြည်တွင်းပွဲတွေမှာ ဒိုင်တွေ မျက်နှာပေးတာ ခံရတယ် နာမည်ကြီးတဲ့ မန်ယူတို့ ဥရောပ ပွဲမှာတော ထင်တိုင်း မပေါက်နိုင် ခဲ့ပါဘူး။ ဆေးလ်ဗားရဲ့ကန်ချက်က လီဆန်ဒရိုရဲ့ ခြေထောက်ကို ထိပြီးမှ တံတောင်ဆစ်နဲ့ ထိခဲ့တာ ဖြစ်ပေမယ့် ပင်နယ်တီ အဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး မန်ဒက်ဇ်က ကန်သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်တို့ ဆက်တိုက် ဖိအားပေးခဲ့ပေမယ့် ချေပဂိုးပြန်မရခဲ့ဘဲ ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပထမပိုင်းမှာလည်း ယူနိုက်တက်တို့ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ဂိုး ရခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ပါတယ်။