အသင်းရှုံးပေမယ့် ဒိုလေးကြောင့် ပျော်ခဲ့တဲ့ အန်တိုနီ၊ ဂျာအိုဖီးလစ်၊ ဒက်စ်တို့နဲ့ လွဲခဲ့ခြင်း၊ ဆန်ချို၊ ရက်ဖို့ဒ်တို့နဲ့ ယနေ့ မန်ယူ သတင်းများ စုစည်းမှု
ဂန်နားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက်ဟာ ထိပ်ဆုံးလေးသင်းထဲ ဝင်မှာမဟုတ်ဘူးလို့ ပေါလ်မာဆန်က ထင်မြင်နေပြီး ချယ်ဆီးလဲ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း အံ့အားသင့်ဖွယ် သတင်း ထွက်ပေါ်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေ တုန်းက ဘာစီလိုနာ ညာအစွန်လူ ဆာဂျီနို ဒက်စ် ကို နည်းပြတန်ဟက် ခေါ်ယူချင်ခဲ့ပေမယ့် မခေါ်ဖို့ ယူနိုက်တက် ဘောလုံး ဒါရိုက်တာဖြစ်သူ ဂျွန်မက်တော့က တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဒက်စ်က တပည့်ဟောင်း ဖြစ်လို့ တန်ဟက်က ခေါ်ချင်ခဲ့ပေမယ့် မန်ယူအသင်းမှာ ဒါလော့နဲ့ ဘစ်ဆာကာလို ညာ အစွန်လူ ၂ ဦးထိ ရှိနေတာမို့ ဒက်စ်ကို ခေါ်ယူရေးအား မက်တော့က တားဆီးခဲ့တယ်လို့ သိရတယ်။
မန်ယူ တိုက်စစ်မှုးသစ် အန်တိုနီကတော့ ရီးရဲလ်ဆိုစီဒက်နဲ့ ပွဲ အရေးနိမ့်ခဲ့ပေမယ့် ထိုပွဲမှာ သူ့ရဲ့အိုင်ဒေါ စီ ရော်နယ်ဒိုနဲ့ အတူ တွဲဖက်ကစားခွင့်ရရှိခဲ့ပြီး အချိန်တိုအတွင်းမှာ အများကြီး သင်ယူခွင့် ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာ အတွက် အက်သလက်တီကို မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ ညာနောက်ခံလူ အာရီယက်စ်ကို အလွတ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း Fox Sports သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။
အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် အတွင်း ကစားမယ့် ခြေစမ်းပွဲတွေ မှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ရက်ဖိုဒ့် နဲ့ ဆန်ချို တို့ကို ခေါ်ယူ အသုံးပြု သွားဖွယ် ရှိနေပြီး ဒါဟာ ပြီးခဲ့တဲ့ တရာသီလုံး ပုံစံကောင်း ပျောက်ခဲ့တဲ့ သူတို့ ၂ ယောက် အတွက် ကမ္ဘာ့ဖလား မှာ ပါဝင်ခွင့် ရဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ်က ယူနိုက်တက် အသင်းက ချဉ်းကပ်ခဲ့ပေမယ့် ဘာချဉ်းကပ်မှုမျိုးမှ သတိမထားမိခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက စပိန်သတင်း ဌာနတွေက ယူနိုက်တက်ဟာ အသက် ၂၂ နှစ်သားကို ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် တီကိုဘက်က ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အင်္ဂလန် အခြေစိုက် ဘောလုံး ပရိသတ် အဖွဲ့အစည်း ကတော့ ရွှေ့ဆိုင်း ခဲ့တဲ့ သောကြာ-စနေ-တနင်္ဂနွေ ပွဲစဉ်တွေ အတွက် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသွားဖို့ စီစဉ် လက်မှတ်ဖြတ်ထားတဲ့ ပရိသတ်တွေကို ငွေကြေး ပြန်လည်ပေးချေဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။