လက်စတာ ဝ-၂ အာဆင်နယ်၊ ပေးဂိုး မရှိနိုင်ပွဲတွေနဲ့ ဇယားထိပ်ပိုင်းထဲ ချဉ်းနင်းဝင်လာတဲ့ ဂန်းနားများ

စနေနေ့ရဲ့ အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲကတော့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဂိုးတွေ စောစောစီးစီးရခဲ့တဲ့ အာဆင်နယ်တို့ အဝေးကွင်းမှာ သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး ဒီပွဲ အပြီးမှာ အဆင့် ၅ နေရာ ရောက်လာခဲ့ပါတယ်။

ပွဲအစ ၅ မိနစ်မှာကတည်းက အာဆင်နယ်ဟာ ထောင့်ကန်ဘောကတဆင့် ဂါဘရီယယ်က ခေါင်းတိုက်သွင်းပြီး အဖွင့်ဂိုး ရယူခဲ့သလို ၁၈ မိနစ်မှာ ခြေစွမ်းပြနေတဲ့ စမစ်ရိုးက နောက်ထပ်တစ်ဂိုးကို အပိုင် ကန်သွင်းယူပေးခဲ့တာပါ။

ဂိုးရပြီးနောက်မှာ အာဆင်နယ်က ပွဲကို အကောင်းဆုံးထိန်းကစားဖို့ကို ဦးတည်ခဲ့ပြီး လက်စတာကတော့ ချေပဂိုးတွေရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ဗာဒီ ဂိုးပေါက် ပျောက်နေခဲ့သလို အာဆင်နယ် ဂိုးသမား ရမ့်ဒေးလ်ရဲ့ လက်စွမ်းကလည်း ကြောက်ခမန်းလိလိ ကောင်းမွန် နေခဲ့လို့ ဘရန်ဒန်ရော်ဂျာရဲ့အသင်း အိမ်ကွင်းမှာ ချေပဂိုး တစ်ဂိုးတောင် ပြန် မယူနိုင်ခဲ့ပါဘူး။

ဆက်တိုက်နိုင်ပွဲရနေတဲ့ အာဆင်နယ်တို့ ခက်ခဲတဲ့ပွဲတစ်ပွဲကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် လက်စတာလို ပွဲတိုင်းနီးပါး ဂိုးရနေတဲ့ အသင်းကို ဂိုးမပေးရအောင် ကစားနိုင် ခဲ့တာကို အသိအမှတ်ပြုရမှာပါ။

နောက်ဆုံးပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ဂိုးနှုန်းသွင်းယူနေတဲ့ အာဆင်နယ်တိုက်စစ်က အလုပ် ဖြစ်နေခဲ့ပြီး လက်စတာတို့ မထိန်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ အခြားအသင်းကြီးတွေလို နိုင်ပွဲ ရတိုင်း သတင်းခေါင်းစီးတွေမှာ မပါပေမယ့် အမှတ်ပေးဇယား ထိပ်ပိုင်းထဲ ချဉ်းနင်း ဝင်လာနေပြီ ဖြစ်ပါတယ်။

Zawgyi

စေနေန႔ရဲ႕ အေစာဆုံးပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ လက္စတာနဲ႔ အာဆင္နယ္ပြဲကေတာ့ အႀကိတ္အနယ္ ရွိခဲ့ပါတယ္။ ဂိုးေတြ ေစာေစာစီးစီးရခဲ့တဲ့ အာဆင္နယ္တို႔ အေဝးကြင္းမွာ သက္ေတာင့္သက္သာနဲ႔ ကစားႏိုင္ခဲ့ၿပီး ဒီပြဲ အျပီးမွာ အဆင့္ ၅ ေနရာ ေရာက္လာခဲ့ပါတယ္။

ပြဲအစ ၅ မိနစ္မွာကတည္းက အာဆင္နယ္ဟာ ေထာင့္ကန္ေဘာကတဆင့္ ဂါဘရီယယ္က ေခါင္းတိုက္သြင္းၿပီး အဖြင့္ဂိုး ရယူခဲ့သလို ၁၈ မိနစ္မွာ ေျခစြမ္းျပေနတဲ့ စမစ္႐ိုးက ေနာက္ထပ္တစ္ဂိုးကို အပိုင္ ကန္သြင္းယူေပးခဲ့တာပါ။

ဂိုးရၿပီးေနာက္မွာ အာဆင္နယ္က ပြဲကို အေကာင္းဆုံးထိန္းကစားဖို႔ကို ဦးတည္ခဲ့ၿပီး လက္စတာကေတာ့ ေခ်ပဂိုးေတြရဖို႔ အားထုတ္ခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္နဲ႔ေတြ႕တိုင္း ဂိုးျမဴးေလ့ရွိတဲ့ ဗာဒီ ဂိုးေပါက္ ေပ်ာက္ေနခဲ့သလို အာဆင္နယ္ ဂိုးသမား ရမ့္ေဒးလ္ရဲ႕ လက္စြမ္းကလည္း ေၾကာက္ခမန္းလိလိ ေကာင္းမြန္ ေနခဲ့လို႔ ဘရန္ဒန္ေရာ္ဂ်ာရဲ႕အသင္း အိမ္ကြင္းမွာ ေခ်ပဂိုး တစ္ဂိုးေတာင္ ျပန္ မယူနိုင္ခဲ့ပါဘူး။

ဆက္တိုက္ႏိုင္ပြဲရေနတဲ့ အာဆင္နယ္တို႔ ခက္ခဲတဲ့ပြဲတစ္ပြဲကို အေကာင္းဆုံး ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ လက္စတာလို ပြဲတိုင္းနီးပါး ဂိုးရေနတဲ့ အသင္းကို ဂိုးမေပးရေအာင္ ကစားႏိုင္ ခဲ့တာကို အသိအမွတ္ျပဳရမွာပါ။

ေနာက္ဆုံးပြဲေတြမွာ တစ္ပြဲကို အနည္းဆုံး ၂ဂိုးႏႈန္းသြင္းယူေနတဲ့ အာဆင္နယ္တိုက္စစ္က အလုပ္ ျဖစ္ေနခဲ့ၿပီး လက္စတာတို႔ မထိန္းႏိုင္ခဲ့ပါဘူး။ အာဆင္နယ္ဟာ အျခားအသင္းၾကီးေတြလို နိုုင္ပြဲ ရတိုင္း သတင္းေခါင္းစီးေတြမွာ မပါေပမယ့္ အမွတ္ေပးဇယား ထိပ္ပိုင္းထဲ ခ်ဥ္းနင္း ၀င္လာေနျပီ ျဖစ္ပါတယ္။