အထင်သေးမရတဲ့ ယူရိုပါလိဂ် ပြိုင်ဘက် ရှရစ်၊ ပွဲကြပ်တွေ အပေါ် တန်ဟက် သဘောထား၊ အမ်ဘတ်ပီနဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဒီတလော ပွဲရွှေ့ရတာတွေကြောင့် မန်ယူအသင်းရဲ့ ပွဲစဉ်ဇယား ပိုကြပ်လာမယ့် အပေါ် နည်းပြ တန်ဟက်က ” ကျနော်ကတော့ ကျနော့် ကစားသမားတွေဟာ ၃ရက်တိုင်း တစ်ပွဲ ကစားရတာ အလေ့အကျင့်တောင် ဖြစ်နေပြီလို့ ထင်တယ်။ တကယ်လို့ ပွဲ မရှိရရင်လည်း ကျနော်တို့က ထရိန်နင် လေ့ကျင့်တဲ့၊ ကစားစေတဲ့ ရက်တွေပါပဲ။ မနက်ဖြန် ပွဲ အတွက်လည်း ကျနော်တို့ သေချာ ပြင်ဆင်ထားပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် က တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ဟာ ဒဏ်ရာ ရရှိ နေတာကြောင့် ကြာသပတေးနေ့ ညမှာ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် ကို လိုက်ပါ မလာနိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ရှရစ် တီယာစပေါ် အသင်းနဲ့ ကစားဖို့ မော်ဒိုဗာ ကို ထွက်ခွာ လာခဲ့ပြီး လူစာရင်းမှာ မာရှယ်အပြင် ဗန်ဒီဘိ၊ မာရှယ်၊ ဘစ်ဆာကာ တု့ိလည်း ကျန်ရစ်ခဲ့ကြပါတယ်။

ယူရိုပါလိဂ် ကစားဖို့ ထွက်ခွာသွားတဲ့ လူစာရင်းမှာ အရန် ဂိုးသမား ဒူဗရက်ကာ ကို ခေါ်မသွားတာကြောင့် မန်ယူ ပရိသတ်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှုး အမ်ဘတ်ပီဟာ မန်ချက်စတာ ယူနိုက်တက် ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရပြီး ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အံ့ဖွယ် သတင်းထွက်လာခဲ့ပါတယ်။ သတင်းထောက် ရိုမန်နိုကတော့ ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးထားတာ မကြာသေးတာကြောင့် အသင်းပြောင်းဖို့ ဖြစ်နိုင်ခြေ နည်းတယ်လို့ မှတ်ချက် ပြုခဲ့ပါတယ်။

နည်းပြ တန်ဟက် က ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ရှရစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရှက်တာဒိုးနက်တို့လို အသင်းတွေကို အနိုင်ရဖူးတဲ့ အသင်း ဖြစ်တာကြောင့် အသင်းသားတွေ အနေနဲ့ ရှရစ်ဖ်ကို အထင်မသေးပဲ အာရုံစူးစိုက်မှု အပြည့်နဲ့ ဆော့ကစားရမယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။