ခေါင်းဆောင် ဗာရိန်း၊ မန်ယူဖန်တွေကို အံ့သြနေတဲ့ မာတီနက်ဇ်၊ ဘတ်ဂျက် ပေါင် သန်း ၁ဝဝ ထိ ရနိုင်မယ့် တန်ဟက်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ အသင်း နောက်ခံလူ ရာဖေးလ် ဗာရန်းကို ခေါင်းဆောင် အရည်အသွေး ပြည့်ဝသူလို့ ချီးမွမ်းသွားခဲ့လိုက်ပါတယ်။

နည်းပြ ဆောက်ဂိတ် ကြေညာလိုက်တဲ့ ဒီလထဲ ကစားမယ့် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ မန်ယူ နောက်ခံလူ မက်ဂွဲရား ပါဝင်ပြီး အာဆင်နယ်မှ ဘန်ဝှိုက် ချန်လှပ်ခံခဲ့ရတာကြောင့် ဝေဖန် ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။

မန်ယူအသင်း နည်းပြ တန်ဟတ် ကတော့ လက်တလော ခြေစွမ်းပြ ကစားနေတဲ့ အသင်းတိုက်စစ်ကစားသမား ဆန်ချိုရဲ့ ခြေစွမ်းတွေအပေါ် အထူးအားရကျေနပ်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ နှလုံးသားနဲ့ နှစ်နှစ်ကာကာ အားပေးတဲ့ ပုံစံကြောင့် အံ့အားသင့်မိခဲ့ပြီး ရှရစ် တီရာစပေါ်နဲ့ပွဲက ပရိသတ်တွေရဲ့ တုံ့ပြန်မှုကြောင့် အံ့သြမိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုသာ အသင်းကနေ ထွက်ခွာခဲ့ရင် မန်ချက်စတာယူနိုက်တက် နည်းပြကြီး အဲရစ်တန်ဟတ်အနေနဲ့ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၀၀ ခန့် ထပ်မံရရှိသွားဖွယ် ရှိနေပါတယ်။

နယ်သာလန်သား နည်းပြကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင်သန်း ၇၀ ခန့် ထုတ်ပေးသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပေါ်တူဂီ ဂန္တဝင်ကြီးသား အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် နောက်ထပ်အသုံးစရိတ် ပေါင်သန်း ၃၀ ကို ထပ်မံရရှိသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက အားထားနေရတဲ့ နံပါတ် တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာက ၂၀၀၉ ခုနှစ်မှာ ဝီဂန်အသင်းကို ပြောင်းရွှေ့ကစားဖို့ရန် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ဖူးပြီး အတော်လေး ခရီးပေါက်နေခဲ့ပြီ ဖြစ်တဲ့ အကြောင်းကို ပြန်ပြောင်းပြောပြလာခဲ့ပါတယ်။