ကန်တေကို လက်လွှတ်ရမယ် သတိပေးမှု၊ ဘရိုက်တန်နဲ့ ခြေစမ်းပွဲ၊ ပေါင် သန်း ၁ဝဝ တန် ပစ်မှတ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအသင်းဟာ မနေ့က စနေနေ့က ဘရိုက်တန် အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့ကြပြီး ၂-၁ နဲ့ အနိုင် ရရှိခဲ့တယ် လို့ သိရပါတယ်။ ထိုပွဲမှာ ဆယ်ကျော်သက် ကွင်းလယ်လူသစ် ချူဝူမီကာ ပွဲထွက် ကစားပြီး ချဲလ်ဆီးအသင်း အတွက် ၂ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။
ချယ်ဆီးအသင်းရဲ့ နိုင်ငံတကာ သီတင်းပတ် အားလပ်ရက်ဟာ အောက်တိုဘာ ၁ ရက်နေ့ ပဲလေ့စ်နဲ့ ပွဲ အထိ ရှိနေမှာ ဖြစ်ပြီး ဒီကာလမှာ ပေါ်တာက သူ့အသင်းသား သစ်တွေနဲ့ အထိုင်ကျအောင် လေ့ကျင့် ပြင်ဆင်ခွင့် ရရှိပါမယ်။
ပေါ်တာရဲ့ ချယ်ဆီး ပွဲဦးထွက် ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဆဲလ်ဘတ်နဲ့ သရေပွဲ အပြီးမှာတော့ နည်းပြ ပေါ်တာက အသင်းမှာ အရိပ်ဆိုးတွေ ရှိနေတာကို ဝန်ခံခဲ့ပြီး ဒါကို အကောင်းမြင်တဲ့ဘက်က ကြည့်ကာ ပြုပြင် ပြောင်းလဲသွားမယ်လို့ ပြောဆိုထားပါတယ်။

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ချဲလ်ဆီး သာ အန်ဂိုလို ကန်တီ ကို အခုပုံစံ အတိုင်း ဆက်လက် ဆက်ဆံ နေပါက ပြင်သစ် ကွင်းလယ်လူကို ဆုံးရှုံးရနိုင်တယ်လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပေါင် သန်း ၁ဝဝ တန် ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ် ကို ချဲလ်ဆီးကလည်း ပါဝင် ကြိုးစားတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဂိုးသမား ကီပါက နည်းပြ တူချယ်အထုတ်ခံခဲ့ရတဲ့သတင်းကြောင့် အူဘာမီယန်း အံ့အားသင့်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းဟာ တူချယ်နဲ့ဆက်ဆံရေးကောင်းတွေရှိခဲ့တာကြောင့် အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ဘာစီလိုနာထံကနေ ချဲလ်ဆီးကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။