ဆန်ချို မကျေနပ်သင့်ဘူး ဆိုတဲ့ ဖာဒီနန်၊ ဒိုလေးကို အားမကိုးနဲ့ သတိပေးမှု၊ ကပ်စ်မဲရိုး၊ လင်ဒီလော့ဖ်နဲ့ ယနေ့ မန်ယူ သတင်းများ စုစည်းမှု

လက်ရှိရာသီ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံမှာ ၃ ဂိုးသွင်းယူပေးထားတဲ့ ဆန်ချိုဟာ ဒီလထဲ ကစားမယ့် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ ဆန်ချို အနေနဲ့ နည်းပြ ဆောက်ဂိတ် ခုလို ချန်လှပ်ခဲ့ခြင်းအပေါ်မကျေမနပ် ဖြစ်သင့်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပေါင် သန်း ၁ဝဝ တန် ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ် ကို ချဲလ်ဆီးကလည်း ပါဝင် ကြိုးစားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီး နောက်ခံလူ ရူဘင်ဒီယက်စ်က ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအိပ်မက်အတွက် ရော်နယ်ဒို တယောက်တည်းအပေါ် ပုံအပ်အားကို မျှော်လင့်ထားလို့ မရကြောင်း သတိပေးလိုက်ပါတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို လာမယ့် နိုဝင်ဘာမှာ စတင်ကျင်းပတော့မှာဖြစ်ပြီး ရော်နယ်ဒို အတွက်လည်း နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်လာနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးလ်ကတော့ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှရစ်ဖ် နဲ့ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားခွင့် ရခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ ခြေစွမ်းကို သဘောကျမိကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ယူ နည်းပြဟောင်း အိုလေဂန်နာ ဆိုးရှားဟာ လစ်လပ်နေတဲ့ ဘရိုက်တန်အသင်း မန်နေဂျာ ရာထူး အတွက် ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ နော်ဝေသား နည်းပြဟာ ပရီးမီးယားလိဂ် ပြန်လာဖို့ လမ်းဖွင့်ထားပြီး ဘရိုက်တန်အသင်းကလည်း အဘက်ဘက်ကနေ စဉ်းစား ညှိနှိုင်းနေပါတယ်။

PSV တောင်ပံတိုက်စစ်သမား ကုတ်ဒီ ဂတ်ပို ကို မန်ချက်စတာ ယူနိုက်တက် က သြဂုတ်လလယ်ထိ မကမ်းလှမ်း ခဲ့ကြောင်းနဲ့ PSV ဘက်က နောက်ဆုံးအချိန်မှ လက်မလွှတ်လိုခဲ့ကြောင်း အသင်းအကြီးအကဲတွေက ဖွင့်ဟခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂတ်ပို အစား အေဂျက်မှ အန်တိုနီ ကို ခေါ်ယူဖြစ်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါ့ဘာရဲ့ အစ်ကို ဖြစ်သူဟာ သူ့ညီကို ပေါင် ၁၁ သန်း ငွေညှစ်ခဲ့မှုထဲ တရားခံ အဖြစ် ယူဆရတဲ့ ၅ ဦးထဲ ပါဝင်နေပါတယ်။

နည်းပြ မော်ရင်ညိုရဲ့ ရိုးမားအသင်းဟာ လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ် ကို ခေါ်ယူဖို့ ပစ်မှတ်စာရင်း သွင်းထားကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။