ဇန်နဝါရီ ဂန်းနားတို့ရဲ့ ကွင်းလယ်နဲ့ တောင်ပံပစ်မှတ်များ၊ ခြေစွမ်းအမှန်ပြလာတဲ့ တာဗာရက်စ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် တိုက်စစ်မှုး ဂျေးဆု ဘရာဇီး လူစာရင်းကနေ ချန်လှပ် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရာ ဂျေးဆု က သူ ပါဝင်ခွင့်မရပေမယ့် ဘရာဇီး နဲ့ နိုင်ငံ အသင်းဖော်တွေကို အားပေးနေမှာ ဖြစ်ကြောင်း ဖြေကြား သွားခဲ့ပါတယ်။
အာဆင်နယ် က အားဖြည့်လိုနေဆဲ့ တောင်ပံ တစ်နေရာ အတွက် ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းက အသက် ၂၂ နှစ်အရွယ် ကစားသမား ဂျက်စ်ပါ လင်းစ်ထရွမ်ကို အလိုရှိနေပြီး ဒိန်းမတ်သားကို ပေါင် ၁၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယူဆရပါတယ်။
ဂန်းနားတို့ရဲ့ ကာလရှည် ကွင်းလယ်ပစ်မှတ် တိုင်လီမန်းစ်က ပြီးခဲ့တဲ့နွေမှာ အသင်းပြောင်းခွင့်တွေ ရှိခဲ့ပေမယ့် အခြေကျပြီးသား လက်စတာအသင်းမှာ ဆက်နေခဲ့တဲ့အတွက် နောင်တ မရဘူး ဆိုခဲ့သော်လည်း မကြာခင်ပဲ သူ့ရဲ့ အေးဂျင့်နဲ့အတူ အနာဂတ်ကို ဆုံးဖြတ်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် ဇန်နဝါရီမှာ အာဆင်နယ်က ထပ်မံ လှုပ်ရှားလာမလား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ နည်းပြ အာတီတာ မိတ်ဆက် ပွဲထုတ်ခဲ့တဲ့ ပရီးမီးယားလိဂ် စံချိန်တင် အငယ်ဆုံး ကစားသမား အီသန် နွမ်နာရီဟာ သူတို့ရဲ့ အသက်အရွယ်တန်းမှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုကြောင်းနဲ့ မန်စီးတီးရဲ့ ဖီးလ် ဖိုဒန်လိုပဲ တောက်ပလာဦးမယ့်သူလို့ ရီယို ဖာဒီနန် က ဟောကိန်းထုတ်ခဲ့ပါတယ်။
အာဆင်နယ် အနေနဲ့ နီတို အတွက် ဝုဗ်အသင်းဘက်က တောင်းဆိုတဲ့ ပေါင် သန်း ၅၀ ဆိုတဲ့ ငွေကြေးပမာဏကို မပေးချေခဲ့တာဟာ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း လန်ဒန် သတင်းဌာနက သုံးသပ်သွားပါတယ်။
လီဗာပူးလ်နဲ့ မန်ယူ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အာဆင်နယ်အသင်းရဲ့ ပုံစံကောင်းကို ချီးကျူးသွားခဲ့သလို တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေးဆု ဟာလည်း ဟားလန်းသာ မန်စီးတီးကို ရောက်မလာခဲ့ရင် လူတွေ နှုတ်ဖျားမှာ ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်နေလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ် က ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက် ဇန်နဝါရီမှာ အက်စ်တန်ဗီလာတို့နဲ့ ထပ်မံဆွေးနွေးသွားဖွယ်ရှိနေပြီး ရာသီကုန်အထိသာ ကျန်တော့တဲ့ ဘရာဇီးလ်သားရဲ့ စာချုပ်ကြောင့် ဒီတစ်ကြိမ်မှာတော့ အခြေအနေကောင်းနိုင်မယ်လို့ ယုံကြည်နေပေမယ့် ချဲလ်ဆီးအသင်းနဲ့ ပြိုင်ဆိုင်ရဖို့ရှိနေပါတယ်။
မာဆေးလ် ရောက်စမှာ တာဗာရက်စ် အထူး အစွမ်းပြဖို့ ချီးကျူးသံတွေ ညံခဲ့ပေမယ့် ရေးနက်စ်နဲ့ သရေပွဲမှာ ၎င်းရဲ့ ပုံမှန်အောက် ခြေစွမ်းကို မြင်ရချိန်မှာတော့ အာဆင်နယ်တို့ တာဗာရက်စ်ကို အငှားလွှတ်လိုက်တာ ရူးသွပ်နေလို့ မဟုတ်ကြောင်း ပြင်သစ်ဂျာနယ်လစ် စတီဖန် ဂီး က ပြောဆိုခဲ့ပါတယ်။