သူ့ထက် အဆ ၁ဝဝ လောက် ကောင်းတဲ့ ကစားသမား ဆိုပေမယ့် ရော်နယ်ဒိုကြောင့် မန်ယူ ဖလား မရနိုင်ဘူး ပြောရမှာပဲ ဆိုတဲ့ ပေါမာဆင်
ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ရေးတွေ မလုပ်ဆောင် ခဲ့တာကြောင့် နည်းပြသစ် အဲရစ် တန်ဟတ် က ပရီးမီးယားလိဂ် ပွဲတွေမှာ ပွဲထွက်က ချန်လှပ်ခံနေရသူပါ။
ရော်နယ်ဒိုဟာ ဒီရာသီ ယူရိုပါလိဂ်ပွဲတွေက လွဲလို့ လိဂ် ပွဲစဉ်တိုင်း လူစားဝင် ကစား သမား အဖြစ်နဲ့သာ အချိန်တွေ ကုန်ဆုံးနေပါတယ်။
အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် က ရော်နယ်ဒို အသင်းမှာ ရှိနေရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်လို ဖလားမျိုးမှ ဆွတ်ခူးနိုင်မှာ မဟုတ်ကြောင်း ဝေဖန်သွားခဲ့လိုက်ပါတယ်။

” တကယ့်ကို ခက်ခဲလွန်းတဲ့ အရာ တစ်ခုက ဘောလုံးချည်း အမြဲတမ်း ကစားခဲ့တဲ့ အကောင်းဆုံးကစားသမားကို ဝေဖန်ခြင်းပါပဲ ။ ရော်နယ်ဒို ဟာ ကျွန်တော့်ထက် အဆပေါင်း ၁ဝဝ လောက် ပိုကောင်းလွန်းတဲ့ ကစားသမား တစ်ဦးဆိုတာ ကျွန်တော် လက်ခံပါတယ် ”
” ဒါပေမဲ့ သူ့ကို အသင်းမှာ ပိုင်ဆိုင်ထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဘာဖလားမှ ရသွားဖို့ ရှိမနေပါဘူး ” လို့ ပေါမာဆင် က ဝေဖန်ခဲ့ပါတယ်။
စီ ရော်နယ်ဒိုက ဒီရာသီမှာ ချန်ပီယံလိဂ် ကစားရတဲ့ ကလပ်အသင်းသစ် ပြောင်းရွှေ့ဖို့ အသည်းအသန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တာကြောင့်သာ မန်ချက်စတာကလပ်မှာ ဆက်ရှိနေခဲ့တာပါ။ ဒါပေမယ့် ပွဲကစားခွင့် ရတာနဲ့ သေချာ ကစားပြီး ပရော်ဖက်ရှင်နယ် ဆန်စွာ ပြုမူနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ပေါ်တူဂီသားကတော့ ပွဲကစားခွင့်တွေ၊ ဥရောပပွဲတွေ အပါအဝင် ပေါ်တူဂီအသင်းအတွက်ပါ ဆက်လက် ကစားဖို့ ဆန္ဒ ရှိနေဆဲ ဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့ ကာလတွေမှာ မန်ယူအသင်းကနေ ခွာဖို့ ထပ်မံ ကြိုးစားသွားဖွယ် ရှိနေပါတယ်။