ရက်ဖို့ဒ်ကို ရွေးခိုင်းတဲ့ ပေါမာဆန်၊ ဒီဂီယာကို မကြည်တဲ့ မက်ဂွဲရား၊ မာလာစီယာ၊ အန်တိုနီတို့နဲ့ ယနေ့ မန်ယူ သတင်းတိုများ စုစည်းမှု
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆန် ကတော့ မားကပ် ရက်ဖိုဒ့် ဟာ အင်္ဂလန် အသင်းနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင် သွားသင့်ပြီး သူ့ရဲ့ အရည်အသွေး နဲ့ အတွေ့အကြုံဟာ အသင်းကို အကူအညီ ပေးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုခဲ့ ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလ အတွက် အကောင်းဆုံး မန်နေဂျာဆုနဲ့ ကစားသမားဆု ဆန်ကာတင်များ ထွက်ပေါ်လာရာ မန်ချက်စတာ ယူနိုက်တက်မှ နည်းပြတန်ဟက်နဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်တို့ အသီးသီး ပါဝင်လာပါတယ်။
နည်းပြ တန်ဟက်က အသင်းထရိန်နင်မှာ ရေကုန်ရေခန်း ကြိုးစားနေကြတဲ့ မာလာစီယာနဲ့ အန်တိုနီ တို့ကို ဖြည်းဖြည်း လုပ်ကြပါလို့တောင် တားနေခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။

မန်ယူ၊ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပစ်မှတ်ထားနေတဲ့ ဂျု့ဒ် ဘယ်လင်ဟမ် အတွက် ဒေါ့မွန်က တန်ကြေး ယူရို သန်း ၁၅ဝ (ပေါင် ၁၃၁.၆ သန်း) လို့ ဈေး သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
စီ ရော်နယ်ဒိုက ယူရို ၂၀၂၄ မှာလည်း ပေါ်တူဂီ အသင်းနဲ့ အတူ ပါဝင် ကစားသွားဖို့ ရည်မှန်းထားကြောင်း ပြောဆိုလာပါတယ်။ ထိုအချိန်ဆိုရင် ရော်နယ်ဒိုက အသက် ၃၉ နှစ် အရွယ် ရှိနေမှာပါ။

ဘာစီလိုနာ ကွင်းလယ်သမား ဒီဂျောင်က ပြီးခဲ့တဲ့နွေမှာ ယူနိုက်တက် နဲ့ သတင်းတွေကြီးခဲ့သော်လည်း နူးကမ့်ကနေ ထွက်ခွာဖို့ လုံးဝ မစဉ်းစားခဲ့ကြောင်း ထပ်မံ ထုတ်ဖော် ပြောဆိုလာပါတယ်။
ဟယ်ရီ မက်ဂွဲရားက ပြီးခဲ့တဲ့ရာသီ ဒီဂီယာနဲ့ ပြောဆိုရ အဆင်မပြေတာတွေက ပြီးခဲ့တဲ့ရာသီမှာ ပြသနာ များစွာ ဖြစ်စေခဲ့တယ်လို့ ယုံကြည်နေကြောင်း ESPN သတင်းက ဆိုပါတယ်။ ဒီဂီယာဟာ ဂိုးစည်းလိုင်းကနေ ရှေ့ထွက်လာဖို့ တွန့်ဆုတ်လွန်းတာကို မက်ဂွဲရားက အမျက်ထွက်နေခဲ့တယ် လို့ သိရပါတယ်။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ ကလပ် အသင်းတွေရဲ့ တောင်းဆိုမှုကြောင့် သရေကျရင် ပြန်ကန်ရတဲ့ ပွဲစဉ်တွေကို ဖျက်သိမ်းဖို့ စတင် စဉ်းစားနေပြီလို့ သိရပါတယ်။