နှိမ်ခံနေရတဲ့ ဆာကာ၊ ဗလာဟိုဗစ် အလားအလာ၊ နာကျင်ခဲ့ရတဲ့ အူဘာမီးယန်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ

ဘလက်ပူးအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်လူငယ်လေး ချာလီပါတီနိုဟာ အင်္ဂလန် U20 အသင်း အတွက် ပါဝင် ကစားရင်း သွင်းဂိုး တစ်ဂိုးရရှိခဲ့ပါတယ်။ မော်ရိုကိုအသင်းကို ၂-၁ နဲ့အနိုင်ရတဲ့ပွဲမှာ နိုင်ငံ အသင်း အတွက် ဂိုးသွင်းပေးနိုင်ခဲ့တာဖြစ်ပြီး ၊ ချီလီကို ၃-၀ နဲ့အနိုင်ရတဲ့ပွဲမှာတော့အရံခုံမှာရှိနေခဲ့ပြီး လူငယ် လက်ရွေးစင်ဘဝကိုစတင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အာတီတာက ဗလာဟိုဗစ် ကို သဘောကျတဲ့ ဖန် တစ်ဦး ဖြစ်တယ် ဆိုတာကြောင့် ဒီတလော သတင်း လှုပ်ခတ်မှုတွေ ရှိလာပေမယ့် အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှုး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ မရှိသေးကြောင်း သတင်းထောက် ရိုမန်နို က ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ဘရိုက်တန် ကစားသမား ထရိုဆတ်ကို ခေါ်ယူသင့်ကြောင်း၊ ပါတေးအပေါ်မှီခိုနေရတဲ့ ကွင်းလယ်နေရာအတွက် ကစားသမားသစ် လိုအပ်ကြောင်း HITC သတင်းထောက် ဘီလီမေယာစ်က သူ့ရဲ့ ဆောင်းပါးမှ တဆင့် တိုက်တွန်းရေးသားသွားခဲ့ပါတယ်။

ချဲလ်ဆီး မှာ ကစားနေပြီ ဖြစ်တဲ့ အာဆင်နယ် တိုက်စစ်မှုးဟောင်း အူဘာမီးယန်းက မြောက်လန်ဒန် ကလပ်မှာ ရှိစဉ် နာကျင်ခံစားရတဲ့ ကာလတွေ ရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုလာပါတယ်။

အာဆင်ဝင်းဂါး တချိန်က ပေါင် ၉သိန်းတည်း နဲ့လက်လွှတ်ခဲ့တဲ့ အယ်ဂျီးရီးယားကစားသမား အစ္စမေး ဘင်နက်ဆာကို ပြည်တွင်းအင်အားကြီးတွေဖြစ်ကြတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အေစီမီလန် ကွင်းလယ်လူဟာ အာဆင်နယ်လူငယ် အသင်းမှာတုန်းက ၃၂ ပွဲကစား ၊ ၂ ဂိုးသွင်း ၊ ၂ကြိမ် ဖန်တီးပေးနိုင်ခဲ့သူပါ။

အီတလီ သတင်းစာ Gazetta Dello Sport ကတော့ အီတလီနဲ့ ပွဲက အာဆင်နယ် တောင်ပံကစားသမား ဆာကာရဲ့ စွမ်းဆောင်မှုကို အနဲဆုံး Rating ဖြစ်တဲ့ 4.5/10 ထိ ချပြီး သတ်မှတ်သွားခဲ့ပါတယ်။ တဖက်မှာလည်း အစွန်ခံစစ် နေရာ ထားပြီး ဆာကာကို သုံးစွဲခဲ့တဲ့ နည်းပြဆောက်ဂိတ်ကိုလည်း ဝေဖန်နေကြပါတယ်။