မြောက်လန်ဒန် ဒါဘီ၊ မန်ချက်စတာ ဒါဘီပွဲတွေ အပါအဝင် ဒီအပတ် EPL ပွဲကောင်းတွေ အတွက် ပေါလ်မာဆန် ခန့်မှန်း ဟောကိန်းထုတ်မှု
ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး ပွဲစဉ် ၉ မှာ တကယ့် ပွဲကောင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ် ဂန္တဝင် ပေါလ်မာဆန်က ဒီပွဲကြီးပွဲကောင်းတွေ အတွက် အခုလို ကြိုတင် ခန့်မှန်းပေး ထားပါတယ်။
အာဆင်နယ် Vs တော့တင်ဟမ်ဟော့စပါး
ဒီပွဲက ခင်ဗျားကို ဘယ်တော့မှ စိတ်မပျက်စေမယ့်ပွဲပါ။ ပရီးမီးယားလိဂ်ပြက္ခဒိန်မှာ ကျွန်တော်တို့ အဟုတ်ကြီးထင်ထားပြီး စိတ်ပျက်စရာကောင်းတဲ့ တခြားပွဲစဉ်တွေရှိခဲ့ပေမယ့်လည်း ဒီပွဲကတော့ ဘယ်တုန်းကမှ အဲဒီလို မဖြစ်ခဲ့ပါဘူး။ အခုအချိန် သူတို့ကစားနေတဲ့ပုံစံအရ စပါး က အာဆင်နယ်ကို အနိုင်ယူနိုင်မယ်လို့ ကျွန်တော် မမြင်ဘူး။

သူတို့တွေ လက်စတာစီးတီးကို ၆-၂ နဲ့ အနိုင်ရခဲ့ပေမယ့် ဒီဂိုးရလဒ်က သူတို့ကို မြောက်သွားစေခဲ့တယ်လို့ ထင်ပါတယ်။ ဆွန်က ဒီရာသီမှာ ပွဲထွက်ကစားတိုင်း ကောင်းကောင်း မလုပ်နိုင်ခဲ့ဘဲ ကွန်တီက သူ့ကို အရန်ခုံကနေ အကျိုးသက်ရောက်မှု ပြသနိုင်တဲ့ကစားသမားအဖြစ် သုံးသွားနိုင်ပါတယ်။ အာဆင်နယ်က ဖလားစိန်ခေါ်သူတွေလားဆိုရင် နောက်အပတ် လီဗာပူးလ်နဲ့ကန်ပြီးမှပဲ ကျွန်တော် အဲဒီမေးခွန်းကို ဖြေပါမယ်။
ပွဲကြီးတစ်ပွဲမှာ နိုင်ပြီး နောက်ပွဲရှုံးရင် အဓိပ္ပာယ်မရှိပါဘူး။ မန်ယူနိုက်တက်ကို အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ပြီး အခု သူတို့တွေ အနိုင်ရဖို့လိုနေတဲ့ ပွဲကြီး ၂ ပွဲရှိနေပါတယ်။ မန်စီးတီးကလည်း ဖလားပြိုင်ပွဲထဲမှာရှိနေတာကြောင့် ဒီ ၂ သင်းစလုံးက ထိပ်ဆုံး ၄ နေရာအတွက် ရည်မှန်းချက်ထားတာက လက်တွေ့ကျပါလိမ့်မယ်။ အာဆင်နယ်က အရင်ပွဲမှာ ဘရန့်တ်ဖို့ဒ်ကို လုံးဝ ပညာပေးနိုင်ခဲ့ပြီး ဒီပွဲမှာလည်း အိမ်ကွင်းအားသာချက်နဲ့ စားသွားပါလိမ့်မယ်။
ခန့်မှန်းချက် – အာဆင်နယ် ၂-၁ တော့တင်ဟမ်
လီဗာပူးလ် Vs ဘရိုက်တန်
လီဗာပူးလ်အတွက် ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး သူတို့တွေ နောက်အပတ် ချန်ပီယံလိဂ်နဲ့ အဲဒီပွဲပြီးရင် အာဆင်နယ်နဲ့ ကစားဖို့ရှိပါတယ်။ ဒီရာသီမှာ စောစောစီးစီး ရက်သတ္တပတ်ကြီးနဲ့ တွေ့နေပြီဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူတို့ ဒီ ၃ ပွဲစလုံး အနိုင်ရဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်မှာ လီဗာပူးလ်ကစားခဲ့တဲ့ပုံအရ အဆင့် ၃၊ ၄ လောက်ရတာက အောင်မြင်မှုမဟုတ်တော့ဘဲ နောက်ထပ် လိဂ်ပွဲ ၂ ပွဲသာ အနိုင်မရခဲ့ဘူးဆိုရင် ဆုဖလားပြိုင်ပွဲကနေ ထွက်ရနိုင်ပါတယ်။
လီဗာပူးလ်ကစားသမားတွေက နိုင်ငံတကာပွဲတွေမှာ ကြီးကြီးမားမား မပါဝင်ခဲ့ရဘဲ ဖာဘင်ညိုဆို ဘရာဇီးလ်အတွက် မိနစ် ၇၀ ပဲ ကစားခဲ့ရပေမယ့် ခရီးတော့ တော်တော်ထွက်ခဲ့ရပါတယ်။ သီယေဂိုကလည်း ဒဏ်ရာကြောင့် စပိန်လူစာရင်းမှာ အရွေးမခံခဲ့ရဘဲ အဲဒါကြောင့် သူကတော့ ဒီပွဲကို လန်းလန်းဆန်းဆန်းနဲ့ ပါဝင်ကစားပေးနိုင်ပါလိမ့်မယ်။ ကလော့ပ်အနေနဲ့ တိုက်စစ်မှာ ဆာလားနဲ့ ဒီယက်ဇ်ကို ဆက်သုံးမှာဖြစ်ပြီး နူးညက်ဇ်ကိုလည်း ကစားခိုင်းသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲကတော့ လီဗာပူးလ်နိုင်ကို နိုင်မယ့်ပွဲပါ။
ခန့်မှန်းချက် – လီဗာပူးလ် ၂-၁ ဘရိုက်တန်

ခရစ္စတယ် ပဲလေ့စ် Vs ချဲလ်ဆီး
ပဲလေ့စ်အိမ်ကွင်းမှာ ကစားရတဲ့ပွဲက အမြဲတမ်း ခက်ခဲပြီး ဂရေဟမ် ပေါ့တားက ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း အသင်းမှာ တစ်ယောက်မှမရှိဘဲ နေခဲ့ရလို့ အခုအချိန်မှာ သူကစားစေချင်သလို ကစားနိုင်အောင် လုပ်ပေးဖို့ အချိန်အရမ်းနည်းနေပါတယ်။ ပွဲတွေက ကပ်လာပြီး မြန်လာတော့မှာဖြစ်ပြီး ပြီးရင် ကမ္ဘာ့ဖလား ကစားသွားရမှာပါ။ ပေါ့တားက နည်းပြကောင်းဖြစ်ပေမယ့်လည်း ဘရိုက်တန်မှာတုန်းက အသင်းကို တည်ဆောက်ဖို့ အချိန်အချို့ ယူခဲ့ရပြီး ချဲလ်ဆီးမှာလည်း နည်းနည်းတော့ အချိန်ယူရဦးမှာပါ။
ဒါပေမယ့် သူ ဒီရာသီ ထိပ်ဆုံး ၄ နေရာထဲတော့ ပြီးဆုံးနိုင်ဖို့ လိုပြီး သူတို့တွေ ချန်ပီယံလိဂ်မှာလည်း အေစီမီလန်ကို ၂ ကျော့စလုံး အနိုင်မယူနိုင်ဘူးဆိုရင် ပြိုင်ပွဲကနေ ထွက်ရမှာပါ။ ကူကူရယ်လာက ဒီပွဲကစားမှာကျိန်းသေပြီး ပေါ့တားကလည်း သူ့ကို ကောင်းကောင်းသိပြီးသားဖြစ်လို့ များများစားစားလုပ်စရာမရှိပါဘူး။ ဒါပေမယ့်လည်း ဖိုဖာနာနဲ့ ကူလီဘေလီတို့ကို မခေါ်လာခဲ့တာက ပြဿနာဖြစ်ပြီး ဒီပွဲက အကြမ်းစားပွဲဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော် ချဲလ်ဆီးနိုင်မယ့် ဘက်က ရှိနေပါတယ်။
ခန့်မှန်းချက် – ခရစ္စတယ် ပဲလေ့စ် ဝ-၂ ချဲလ်ဆီး
မန်စီးတီး Vs မန်ယူနိုက်တက်
မန်ယူနိုက်တက်က မန်စီးတီးကို နာကျင်စေမယ့် ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ အဲဒါကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး မန်ယူနိုက်တက်အတွက်တော့ ရလဒ်ကောင်းလည်း ရနိုင်သလို တစ်စစီလည်း စုတ်ဖြဲခံရနိုင်ပါတယ်။ သူတို့တွေအနေနဲ့ ဒီပွဲမှာ ကြာကြာနေနိုင်လေ ပါဝင်ပတ်သက်ခွင့် ပိုရလေ ဖြစ်လာမှာဖြစ်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါလိမ့်မယ်။

စီးတီးခံစစ်မှာ ကွာဟချက်တွေရှိနေမှာဖြစ်ပြီး အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ်က အဲဒါကို ပြီးပြည့်စုံတဲ့ ပေးပို့မှုတွေနဲ့ ရှာဖွေဖို့ လိုပါလိမ့်မယ်။ ရော်နယ်လ်ဒိုက ဒီအပတ်မှာလည်း နောက်ထပ်တစ်ကြိမ် အရန်ခုံမှာ မြင်ရနိုင်ပြီး ယူနိုက်တက်သာ ဒီပွဲကို အနိုင်ကစားချင်ရင် တန်ပြန်တိုက်စစ်ကနေ မြန်နှုန်းနဲ့ကစားရမှာပါ။ ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် ရုန်းကန်ခဲ့ရပြီး ဒီပွဲကို သူ ပွဲထွက်ပါဝင်ရမှာမဟုတ်ပါဘူး။ မာလာစီယာကလည်း ခုထိ ပရီးမီးယားလိဂ်မှာ အမှားများများစားစားမရှိသေးဘဲ တန်ဟက်က သူ့ကို သိနေတာကြောင့် စီးတီးနဲ့ပွဲမှာ သူ ပွဲထွက်ရပါလိမ့်မယ်။
မန်ယူနိုက်တက်ဟာ နောက်ဆုံး ၄ ပွဲမှာ သူတို့ကို ဂိုးသွင်းဖို့ ပိုခက်လာခဲ့ပြီး အဲဒီခံစစ်ပုံစံအတိုင်း ပွဲထွက်လာမှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မန်ယူနိုက်တက် တိုက်စစ်အတွက်တော့ ခက်ခဲမှာဖြစ်ပြီး တန်ဟက်အနေနဲ့ အန်တိုနီကို ပွဲထွက်ကစားခိုင်းမလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ရှေ့တန်းကို ဝုန်းခနဲ တက်သွားပြီး နောက်လည်း အများကြီး ပြန်လိုက်နိုင်တဲ့ ကန်ဆယ်လိုကလည်း ရှိနေပြီး မန်စီးတီးက တိုက်စစ်ပိုင်းမှာ လူတွေ စုပြုံလာအောင် ဖန်တီးဖို့ ကြိုးပမ်းပါလိမ့်မယ်။
အီလန်ဂါက ကန်ဆယ်လို နောက်လိုက်ဖို့အတွက် ပွဲထွက်လာခဲ့ရင် ကျွန်တော် အံ့အားသင့်မှာမဟုတ်ပါဘူး။ ဂွါဒီယိုလာ အနေနဲ့ သူ့ကစားသမားတွေကို ဟာလန်းခေါင်းပေါ် ဘောလုံးရောက်အောင်ပဲ ဖြတ်တင်ပေးဖို့ ပြောမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဟာလန်းက သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ပတ်သက်ပြီး တကယ် ဂရုစိုက်တယ်လို့လည်း မထင်ပါဘူး။ သူက ကြောက်စရာပါ။ သူ့ရဲ့ သူမတူတဲ့ လျင်မြန်မှုနဲ့ ရွေ့လျားနိုင်စွမ်းက ထူးခြားဆန်းကြယ်ပါတယ်။ ရက်ရှ်ဖို့ဒ်က တန်ပြန်တိုက်စစ်ကစားနေချိန်မှာ မန်ယူနိုက်တက်က သိပ်မတက်ဘဲ နောက်မှာလည်း နေနေရမှာပါ။ သူတို့တွေ ဒီပွဲကနေ ရမှတ်တခုခုရချင်ရင် မယုံနိုင်စရာကောင်းလောက်အောင် ခုခံကာကွယ်နိုင်ရပါလိမ့်မယ်။ သူတို့တွေ မန်စီးတီးကို တောင့်ခံနိုင်မှာမဟုတ်ဘဲ ဂွါဒီယိုလာရဲ့အသင်းကပဲ နောက်ဆုံးမှာ အလဲထိုးသွားပါလိမ့်မယ်။
ခန့်မှန်းချက် – မန်စီးတီး ၃-၁ မန်ချက်စတာယူနိုက်တက်
အခြားပွဲများအတွက် ခန့်မှန်းချက်
ဖူလ်ဟမ် ၁-၁ နယူးကာဆယ်လ်
ဆောက်သမ်တန် ၁-၁ အဲဗာတန်
ဘရန့်ဖို့ဒ် ၂-၁ ဘုန်းမောက်
ဝက်စ်ဟမ်း ၂-၀ ဝုဗ်
လိဒ်စ်ယူနိုက်တက် ၁-၁ အက်စတန် ဗီလာ
လက်စတာစီးတီး ၃-၀ နော်တင်ဟမ် ဖောရက်စ်