ဖလား ၂လုံး ယူချင်တဲ့ ရမ်စ်ဒေးလ်၊ ဒီည လန်ဒန်ဒါဘီပွဲ အဆုံးအဖြတ်၊ ဂျေးဆု၊ စမစ်ရိုးတို့နဲ့ ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ
အာဆင်နယ် ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ အလန်စမစ် က စနေနေ့မှာ ကစားမယ့် မြောက်လန်ဒန် ဒါဘီ ပွဲမှာ အာဆင်နယ် ဘက်က ကွင်းလယ်လူ ပါတေး ပါဝင် ကစားနိုင်မှု ရှိ/မရှိ က ပွဲ အဖြေကို အဆုံးအဖြတ် ပေးနိုင်လိမ့်မယ် လို့ သုံးသပ် လိုက်ပါတယ်။
အာဆင်နယ် အသင်းရဲ့ဂိုးသမား ရမ်စ်ဒေးလ် က ဒီရာသီမှာ ယူရိုပါလိဂ် ဖလား ရယူပြီး နောက်ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ကာရာဘောင်း ဒါမှမဟုတ် အက်ဖ်အေ ပြည်တွင်း ရှုံးထွက်ဖလား တစ်လုံးလည်း လိုချင်တယ်လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးသစ် ဂျေးဆု က အခုနွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကိုပြောင်းလာတာဟာ ကွင်းထဲမှာ လွတ်လွတ်လပ်လပ် ကစားချင်တာကြောင့်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အာဆင်နယ် အသင်းရဲ့ အင်္ဂလန် ကွင်းလယ်လူ စမစ်ရိုး ဟာ ဒဏ်ရာကို ကုသမှု ခံယူတော့မှာ ဖြစ်တာကြောင့် ဒီဇင်ဘာ အထိ နားရချေ ရှိပြီး ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အခု တပတ်မှာ အာဆင်နယ် နဲ့ ကစားမယ့် စပါး အသင်းဘက်မှာလည်း ဒီဂျန် ကူလူဆက်ဗ်စကီး ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။
ဂျူဗင်တပ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကတော့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အချို့ နဲ့ သတင်းထွက် နေပေမယ့် အီတလီ ထိပ်သီး ဆီမှာသာ ဆက်လက် ကစားသွားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။